၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလအတွင်း တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင် ဘာလအတွင်း အောက်ဖော်ပြပါလုပ်ငန်းအား ဆောင်ရွက် သွားမည်ဖြစ်ပါ၍ အဆိုပါ လုပ်ငန်းအား မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်လိုပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် –

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၂ – ၄ -၂၀၁၈ ရက်နေ့မှ ၂၀ – ၄ – ၂၀၁၈ ရက်နေ့အထိ ရုံးချိန်အတွင်း (၁)စုံလျှင် ငွေကျပ် ၂၀၀၀/-( ကျပ်နှစ်ထောင်တိတိ ) ဖြင့် ရောင်းချ သွားမည်ဖြစ်ပြီး တင်ဒါလျှောက်လွှာများအား ၂၄ – ၄ -၂၀၁၈ ရက်နေ့ ( ၁၁:၀၀ )နာရီ နောက်ဆုံးထားလက်ခံ၍ (၁၃:၀၀) နာရီ တွင် အိတ်ဖွင့်တင်ဒါဖွင့်ဖောက်ခြင်းကို (၁) ရက်တည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါ တင်သွင်းလိုသူများသည် အထက်ပါ တည်ဆောက်ရေးလုပ်ငန်းအတွက် တင်သွင်းသည့် တင်ဒါတန်းဖိုး၏၁% တင်ဒါ အာမခံစပေါ်ငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် ( အထက်မြန်မာပြည် ) အမည်ဖြင့် Payment order ပြုလုပ်ပြီး ယင်း Payment order မူရင်းနှင့်မိတ္တူ(၁)စောင်ကို သတ်မှတ်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍ တင်ဒါတင်သွင်း ရမည်။(Payment order ပြုလုပ်ပေးရန် အတွက် သက်ဆိုင်ရာဘဏ်များသို့ တက္ကသိုလ်မှ အကြောင်းကြားစာ ထုတ်ပေးသွားမည် ဖြစ်သည်။)
၄။ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါကဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် 02 – 50050 သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။