အသိပေးကြေညာချက်
လျှောက်လွှာတွင် မပြည့်စုံသဖြင့် လိုအပ်ချက်ရှိသူ (ပြင်ပ / ဝန်ထမ်း – ၆၄ + ၁၄၆ = ၂၁၀)ဦး တို့ထံ စာ/တယ်လီဖုန်းတို့ဖြင့် ဆက်သွယ်အကြောင်းကြားထားရှိပါသည်။ ခုံအမှတ်မထွက်သေးသူများ အတွက် လိုအပ်ချက်များတင်ပြလာပါက ဖြေဆိုခွင့်ခုံအမှတ်များ ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် ရေးဖြေ(၂/၂၀၁၈)အတွက် Service ပေးသည့်အနေဖြင့် စာစစ်ဌာန(၅)ခု၌ ဖြေဆိုခွင့်ရရှိသူ(၄၆၀၄)ဦးနှင့် လျှောက်လွှာတွင်မပြည့်စုံသဖြင့် ခုံအမှတ်မထွက်သူ (၂၁၀)ဦးအနက်မှ အချိန်မီလိုအပ်သည့် စာရွက်စာတမ်း/ အချက်အလက်များ ပေးပို့လာမည့် ပုဂ္ဂိုလ်များအတွက် စာဖြေ ဌာနများအလိုက် စာမေးပွဲဖြေဆိုရမည့် အခန်းနံပါတ်အသေးစိတ်များ၊ လမ်းညွှန်တို့ကို စာမေးပွဲ ကျင်းပမည့် ကျောင်းများနှင့်ညှိနှိုင်းတောင်းခံထားရာ ၄င်းတို့ဘက်မှပေးပို့လာပါကWebsite နှင့် Facebook တို့တွင် လျာထားသတ်မှတ်ရက်ဖြစ်သည့် ၈- ၆ – ၂၀၁၈ ရက်နေ့၌ ကြေညာပေးသွားမည် ဖြစ်ပါသည်။