လေ့ကျင့်ရေး

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏လုပ်ငန်းများကို အဖွဲ့၏စီမံခန့်ခွဲရေးဆိုင်ရာ အဖွဲ့အစည်း အနေအထားဖြင့်ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာနက ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ထောက်ကူ ဆောင်ရွက်ရာ၌ ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုတွင် ဝန်ထမ်းများကိုလေ့ကျင့်သင်တန်းများပေးရန် ကိစ္စအတွက် တက္ကသိုလ် များနှင့်နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအကြား ညှိနှိုင်းပေါင်းစပ်ပေးလျက် ရှိပါသည်။ထို့ပြင်ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် အထူးမွမ်းမံသင်တန်းများ ဖွင့်လှစ်နိုင်ရေးကိုလည်း သက်ဆိုင်ရာ ဌာနများနှင့်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။