ဗဟို၀န်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တည် ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း
ဗဟို၀န်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ၂၀၁၈ ခုနှစ်၊ ဧပြီလမှစက်တင်ဘာလထိ (၆)လအတွင်း အောက် ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် –

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၂ – ၄ – ၂၀၁၈ ရက်နေ့ မှ ၂၀ – ၄ -၂၀၁၈ ရက်နေ့အထိ ရုံးချိန်အတွင်း (၁)စုံလျှင် ငွေကျပ် ၁၀၀၀ဝိ/- (ကျပ်တစ်သောင်းတိတိ) ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး တင်ဒါလျှောက်လွှာများအား၂၄ – ၄ – ၂၀၁၈ ရက်နေ့ ( ၀၈:၃၀) နာရီတွင် နောက်ဆုံးထားလက်ခံ၍ ( ၀၉:၃၀ )နာရီတွင် အိတ်ဖွင့်တင်ဒါဖွင့်ဖောက်ခြင်းကို (၁)ရက်တည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူများသည် မိမိတင်ဒါတင်သွင်းသည့် ဆောက်လုပ်ရေးလုပ်ငန်း အတွက် တင်သွင်းသည့် တင်ဒါတန်ဖိုး၏ ၁% တင်ဒါအာမခံစပေါ်ငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အမည်ဖြင့် Payment order ပြုလုပ်ပြီး ယင်း Payment order မူရင်းနှင့် မိတ္တူ(၁)စောင်ကို သတ်မှတ်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍ တင်ဒါတင်သွင်းရမည်။ (Payment order ပြုလုပ်ပေးရန် အတွက် သက်ဆိုင်ရာဘဏ်များသို့ တက္ကသိုလ်မှ အကြောင်းကြားစာထုတ်ပေးသွားမည် ဖြစ်ပါသည်။
၄။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သို့ လူကိုယ်တိုင်ဖြစ်စေ ၊ တယ်လီဖုန်းအမှတ် 02 – 50050 သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။