အလုပ်ခန့်ထားခြင်း
နိုင်ငံ့ဝန်ထမ်းများရွေးချယ်ခြင်း
ရာထူးရွေးချယ်ခြင်းလုပ်ငန်းသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အဓိကလုပ်ငန်းရပ်များ အနက်တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံဝန်ထမ်းစနစ်တွင် လစာနှုန်းအရ ၁၂ ဆင့် ရှိပါသည်။ ပြန်တမ်းဝင်အရာရှိအဆင့်များအတွက် သက်ဆိုင်ရာအာဏာပိုင်က လစာနှုန်းအဆင့်အလိုက် သတ်မှတ်ထားရှိပါသည်။ ပြန်တမ်းဝင်အရာရှိအဆင့်လစ်လပ်ရာထူးများ၏ လစာနှုန်းများအနက် အမြင့်ဆုံးဖြစ်သောလစာနှုန်း ၂၇၅၀၀၀ိ-၄၀၀၀ိ-၂၉၅၀၀၀ိ အဆင့်ရာထူးများကို ရွေးချယ်ပေးရန် တာဝန်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့အား အပ်နှင်းထားပါသည်။ ယင်းဝင်ပေါက်ရာထူးသို့ ရွေးချယ်ရေး ကိစ္စရပ်များကိုဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနက အဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ အပြည့်အဝတာဝန်ယူထောက်ကူပေးလျက်ရှိပါသည်။


