ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၂၀၁၈ ခုနှစ် မေလ (၂၄) ရက် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် အောက်ဖော်ပြပါ တည်ဆောက် ရေးလုပ်ငန်း (၁)ခုကို ဆောင်ရွက်လိုပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှအိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည် –
စဉ် | လုပ်ငန်းအမည် | အရေအတွက် | |
( ၁ ) | – | ပင်မရုံးအနီးရှိ 160KVA Auto Tapping ထရန်စဖော်မာတပ်ဆင်ခြင်း။ | ၁ ခု |
– | 11 KVA ဓာတ်အားလိုင်း 800’အား 150mm2 SAC ကေဘယ် ဖြင့် 3 Phase 3 Wire သွယ်တန်းခြင်း။ | ၁ ခု | |
– | 10 Meter ဓာတ်တိုင် စိုက်ထူခြင်းလုပ်ငန်း။ | ၁ ခု |
အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၂၄- ၅- ၂၀၁၈ ရက်နေ့မှ ၂၂-၆-၂၀၁၈ ရက်နေ့ အထိ ရုံးချိန်အတွင်း ငွေကျပ် ၁၀၀၀၀/- (ကျပ်တစ်သောင်းတိတိ)ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး လျှောက်လွှာများကို ၂၆ – ၆ – ၂၀၁၈ ရက် (အင်္ဂါနေ့) (၁၁း၀၀)နာရီ နောက်ဆုံးထားလက်ခံ၍ (၁၃း၃၀)နာရီတွင် အိတ်ဖွင့် တင်ဒါဖွင့်ဖောက်ခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အိတ်ဖွင့်တင်ဒါ တင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့် လုပ်ငန်းတစ်ခုချင်းစီအတွက် သတ်မှတ် တင်ဒါအာမခံ စပေါ်ငွေကြေး (တင်ဒါတန်ဖိုး၏ ၁%)ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် တင်သွင်း၍ ပေးသွင်းပြီးကြောင်း အထောက်အထားနှင့် နိုင်ငံတော်အစိုးရသို့ ပေးဆောင်/ပေးသွင်းရမည့်အခွန်များ အပြေ အကျေပေးသွင်းပြီးကြောင်း အထောက်အထားတို့ကို သတ်မှတ် အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍တင်သွင်းရမည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)သို့ လူကိုယ်တိုင် ဖြစ်စေ၊ တယ်လီဖုန်းအမှတ် ၀၁-၆၂၆၀၆၇၊ ၀၁-၆၂၆၀၆၈ သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။