ASEAN Cooperation on Civil Service Matters (ACCSM) ဆိုင်ရာအချက်အလက်များ

နောက်ခံသမိုင်းကြောင်း

 အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ် (၆) ရပ်တွင် နိုင်ငံ့ ဝန်ထမ်းရေးရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍသည် တစ်ခုအပါအဝင်ဖြစ်ပြီး အဆိုပါနိုင်ငံ့ဝန်ထမ်း ဆိုင်ရာ လုပ်ငန်းစဉ်များကို ACCSM အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုကာ အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အစီရင်ခံတင်ပြကြပါသည်။

၁၉၈၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ မနီလာမြို့၌ ကျင်းပ ခဲ့သည့် ဒုတိယအကြိမ် အာဆီယံအမြဲတမ်းကော်မတီအစည်းအဝေး (The Second Meeting of the ASEAN Standing Committee) တွင် ASEAN Conference on Reforms in the Civil Service (ACRCS) ကို တရားဝင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ACRCS ၏ ပထမအကြိမ် ကွန်ဖရင့်ကို ၁၉၈၁ ခုနှစ်တွင် ဖိလစ်ပိုင်သမ္မတနိုင်ငံ၌ ကျင်းပခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင် ACRCS မှ ASEAN Conference on Civil Service Matters (ACCSM) ဟု အမည်ပြောင်းလဲခဲ့ပါသည်။ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ACCSM အစည်းအဝေးအား (၅)ကြိမ်မြောက် ACCSM အစည်းအဝေး (Fifth ASEAN Conference on Civil Service Matters – 5th ACCSM) ဟူ၍ စတင်ခေါ်ဝေါ်သုံးနှုန်းခဲ့ပါသည်။

၁၉၉၇ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့မှ ဇူလိုင်လ (၄) ရက်နေ့အထိ စင်ကာပူသမ္မတနိုင်ငံ၌ ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာကွန်ဖရင့်တွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့က လေ့လာသူ (Observer) အဖြစ် တက်ရောက်ခွင့်ရရှိခဲ့ပါသည်။

၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာ ပြီးနောက် အာဆီယံ၏ လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာကဏ္ဍအလိုက် အားတက်သရောပါဝင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ လမ်းညွှန်မှုအရ ပြည်ထောင်စုရာထူးဝန်အဖွဲ့က Focal Organization အဖြစ် အဓိကတာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့မှ (၂၆) ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် ACCSM အစည်းအဝေးတွင် မြန်မာနိုင်ငံသည် ပထမအကြိမ် တင်းပြည့်အဖွဲ့ဝင် နိုင်ငံအဖြစ် တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံနည်းတူ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံ တို့သည်လည်း အာဆီယံတင်းပြည့်အဖွဲ့ဝင်နိုင်ငံများအဖြစ် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ ပါသည်။

မလေးရှားနိုင်ငံ၊ ပူထရာဂျာယာမြို့၌ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျင်းပ ခဲ့သည့် ASEAN Heads of Civil Service Retreat ၌ ယခင် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ကွန်ဖရင့်  (ASEAN Conference on Civil Service Matters-ACCSM)  အား အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ (ASEAN Cooperation on Civil Service Matters -ACCSM) ဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။‌

အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ဆက်သွယ်ရန်အဖွဲ့အစည်းများ

အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍ(ACCSM)အစည်းအဝေးမျ

မြန်မာနိုင်ငံမှ 17th ACCSM နှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်

အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှု(ACCSM) အစည်းအဝေးများသို့တက်ရောက်ခဲ့သောပုဂ္ဂိုလ်များစာရင်

အာဆီယံကြေညာချက်နှင့် ထုတ်ပြန်ချက်များ

အာဆီယံအပေါင်းသုံးနိုင်ငံများ၏ နိုင်ငံ့ဝန်ထမ်းပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လွမ်ပရာဘွမ် ပူးတွဲကြေညာချက်

ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများဖြစ်စေရေး အာဆီယံ ၂၀၁၅ ခုနှစ်အလွန် ဦးစားပေး ဆောင်ရွက်ချက်များဆိုင်ရာ ပူထရာဂျာယာ ပူးတွဲကြေညာချက်

အာဆီယံ အသိုက်အဝန်းရည်မှန်းချက် ၂၀၁၅ အောင်မြင်စေရေး အထောက်အကူတစ်ခုဖြစ်သော အာဆီယံနိုင်ငံ့ဝန်ထမ်း အခန်းကဏ္ဍဆိုင်ရာ အာဆီယံကြေညာချက်

ဒစ်ဂျစ်တယ်စီးပွားရေးခောတ်နှင့်အညီ တက်ကြွဖျတ်လတ်သော နိုင်ငံ့ဝန်ထမ်းကဏ္ဍဖြစ်ပေါ်လာစေရေး အရှိန်မြှင့်တင် ဆောင်ရွက်ခြင်းနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံကြေညာချက်

စိန်ခေါ်မှုအသစ်များအပေါ် နိုင်ငံ့ဝန်ထမ်းများ၏ လိုက်လျောညီထွေရှိမှုကို မြှင့်တင်ပေးခြင်းဆိုင်ရာ အာဆီယံကြေညာချက်

အာဆီယံလူ့စွမ်းအားဗဟိုဌာန

အာဆီယံလူ့စွမ်းအားဗဟိုဌာန၏ ဦးစားပေးနယ်ပယ် (Theme) ပြောင်းလဲခြင်

အာဆီယံပြည်သူ့ဝန်ထမ်းသင်တန်းကျောင်းများကွန်ယက်ချိတ်ဆက်တည်ထောင်ရေး(ASEAN Network of Public Service Training Institute)

နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု

မြန်မာနိုင်ငံနိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) အောက်တွင်ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်မျာ