၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ရုံးသုံးစက်ပစ္စည်း(၁)မျိုး ဝယ်ယူနိုင်ရေးအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။     ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် အသုံးပြုမည့် အောက်ဖော်ပြပါ ရုံးသုံးစက်ပစ္စည်း(၁)မျိုး ဝယ်ယူခြင်းကို မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်လိုပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ပါသည်-

စဉ်ပစ္စည်းအမျိုးအမည်အရေအတွက်
Projector ( 4000 Lumens )၈ လုံး

၂။       အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၁၂-၁၀-၂၀၁၈ ရက်နေ့မှ ၂၆-၁၀-၂၀၁၈ ရက်နေ့အထိ ရုံးချိန်အတွင်း (၁)စုံလျှင် ငွေကျပ် ၂၀၀၀/-                          ( ကျပ်နှစ်ထောင်တိတိ )ဖြင့် ရောင်းချ သွားမည်ဖြစ်ပြီး တင်ဒါလျှောက်လွှာများအား ၃၀-၁၀-၂၀၁၈ ရက်နေ့ (၁၁:၀၀)နာရီတွင် နောက်ဆုံးထား လက်ခံ၍ (၁၃:၃၀)နာရီတွင် အိတ်ဖွင့်တင်ဒါဖွင့်ဖောက်ကြေညာခြင်းကို (၁)ရက်တည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၃။      အိတ်ဖွင့်တင်ဒါ တင်သွင်းလိုသူများသည် မိမိတင်ဒါတင်သွင်းသည့် စက်ပစ္စည်းအမျိုးအမည် အတွက် တင်သွင်းသည့် တင်ဒါတန်ဖိုး၏ ၁% တင်ဒါအာမခံ စပေါ်ငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အမည်ဖြင့် Payment order ပြုလုပ်ပြီး ယင်း Payment order မူရင်းနှင့် မိတ္တူ(၁)စောင်ကို သတ်မှတ်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍ တင်ဒါတင်သွင်းရမည်။ (Payment order ပြုလုပ်ပေးရန် အတွက် သက်ဆိုင်ရာဘဏ်များသို့ တက္ကသိုလ်မှ အကြောင်းကြားစာ ထုတ်ပေးသွားမည်ဖြစ်သည်။)

၄။        အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် ၀၂-၅၀၂၃၆၊ ၀၂-၅၀၀၅၀ တို့သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

                                                                  တင်ဒါလက်ခံရေးနှင့်စိစစ်ရေးလုပ်ငန်းကော်မတီ

                                                                    ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)

                                                                        ပြင်ဦးလွင်မြို့နယ်၊မန္တလေးတိုင်းဒေသကြီး