၂၀၁၇-၂၀၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အိတ်ဖွင့် တင်ဒါခေါ်ယူခြင်း
၁။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် အတွင်း အောက်ဖော်ပြပါ အခန်းကာရံခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းအား မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်လိုပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ် ပါသည်-
အကြောင်းအရာ | အရေအတွက် |
ဗဟိုဝန်ထမ်းတက္ကသိုလ် ( အထက်မြန်မာပြည်)Hollow & Smartboard ဖြင့် ( ၉.၅’ × ၈’ × ၉.၅’ )အခန်းကာရံခြင်းလုပ်ငန်း(Aluminium Door (၁)ချပ်၊Wall Fan နှင့် Lamp ဝါယာသွယ်တန်းခြင်းလုပ်ငန်းအပါအဝင်) | (၁၂၀) ခန်း |
၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် ၂၇ – ၁၁ -၂၀၁၇ ရက်နေ့မှ ၈ – ၁၂ – ၂၀၁၇ ရက်နေ့အထိ ရုံးချိန်အတွင်း (၁)စုံလျှင် ငွေကျပ် ၅၀၀၀/-( ကျပ်ငါးထောင်တိတိ ) ဖြင့် ရောင်းချ သွားမည်ဖြစ်ပြီး ၁၂ – ၁၂ -၂၀၁၇ ရက်နေ့ ( ၀၈:၀၀ )နာရီ နောက်ဆုံးထားလက်ခံ၍ (၀၉:၀၀) နာရီ တွင် အိတ်ဖွင့်တင်ဒါဖွင့်ဖောက်ခြင်းကို (၁) ရက်တည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါ တင်သွင်းလိုသူများသည် အထက်ပါ တည်ဆောက်ရေးလုပ်ငန်းအတွက် တင်သွင်းသည့် တင်ဒါတန်းဖိုး၏၁% တင်ဒါ အာမခံစပေါ်ငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် ( အထက်မြန်မာပြည် ) အမည်ဖြင့် Payment order ပြုလုပ်ပြီး ယင်း Payment order မူရင်းနှင့်မိတ္တူ(၁)စောင်ကို သတ်မှတ်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍ တင်ဒါတင်သွင်း ရမည်။(Payment order ပြုလုပ်ပေးရန် အတွက် သက်ဆိုင်ရာဘဏ်များသို့ တက္ကသိုလ်မှ အကြောင်းကြားစာ ထုတ်ပေးသွားမည် ဖြစ်သည်။)
၄။ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါကဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် 02 – 50003 ၊ 02 – 50004 Ext : 243 သို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးလုပ်ငန်းကော်မတီ
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)
ပြင်ဦးလွင်မြို့နယ်၊မန္တလေးတိုင်းဒေသကြီး