၂၀၁၉-၂၀၂၀ ခု ၊ ဘဏ္ဍာရေးနှစ်အတွင်း ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် စက်ကိရိယာပစ္စည်း(၁)မျိုးဝယ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်( အထက်မြန်မာပြည် )တွင်        ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူမည့် အောက်ဖော်ပြပါ စက်ကိရိယာပစ္စည်း (၁)မျိုးအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် –         

စဉ်လုပ်ငန်းအမည်အရေအတွက်
Personal ComputerAcer Core i7-7500, 8th Generation, U ( 2.9 GHz ), Ram 4 GB, DDR 4 2400, Memory ; HDD 1 TB, Nvidia Geforce 940 MX  4 GB, USB 2.0, 3.0, HDMI, DVD/RW, 21.5″ LED Monitor Full HD, Keyboard and Mouse (၁၀) လုံး

၂။       အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ဗဟိုဝန်ထမ်းတက္ကသိုလ်( အထက်မြန်မာပြည် ) တွင် ၁၃-၂-၂၀၂၀ ရက်နေ့မှ ၂၄-၂-၂၀၂၀ ရက်နေ့အထိ ရုံးချိန်အတွင်း လျှောက်လွှာ(၁)စောင်လျှင် ငွေကျပ် ၂၀၀၀/- ( ကျပ် နှစ်ထောင်တိတိ ) ဖြင့် ရောင်းချသွားမည် ဖြစ်ပါသည်။

၃။       တင်ဒါအဆိုပြုလွှာများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော်၌     ၂၆-၂-၂၀၂၀ ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် နောက်ဆုံးထားလက်ခံ၍ အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်ခြင်းကို တစ်ရက်တည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။       အိတ်ဖွင့်တင်ဒါ တင်သွင်းလိုသူများသည် စာပိုဒ်(၁)ပါ စက်ကိရိယာပစ္စည်းအတွက် တင်သွင်းသည့် တင်ဒါတန်ဖိုး၏ ၁% တင်ဒါအာမခံစပေါ်ငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် ( အထက်မြန်မာပြည် ) အမည်ဖြင့် Payment order ပြုလုပ်ပြီး ယင်း Payment order မူရင်းနှင့် မိတ္တူ(၁)စောင်ကို သတ်မှတ်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍ တင်ဒါတင်သွင်းရမည်။ ( Payment order ပြုလုပ်ပေးရန် အတွက် သက်ဆိုင်ရာဘဏ်များသို့ တက္ကသိုလ်မှ အကြောင်းကြားစာ ထုတ်ပေးသွားမည်ဖြစ်သည်။)

၅။       အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဗဟိုဝန်ထမ်းတက္ကသိုလ်( အထက် မြန်မာပြည် )သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် ၀၂-၅၀၂၃၆ ၊ ၀၂-၅၀၀၅၀ တို့သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

                                    တင်ဒါကော်မတီ  

ပြည်ထောင်စုရာထူးဝန်အဖွဲ့