ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာ ထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာ ပြည်) ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် သင်တန်း အိပ်ဆောင်အခန်း ဖွဲ့စည်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် အောက်ဖော်ပြပါ သင်တန်းအိပ် ဆောင် အခန်းဖွဲ့စည်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်း ရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည် –

လုပ်ငန်းအမည်အရေအတွက်
သင်တန်းအိပ်ဆောင် အခန်းဖွဲ့စည်းခြင်းလုပ်ငန်း (Smart Board)  (လျှပ်စစ်လုပ်ငန်းအပါအဝင်)၁၀၀ ခန်း

၂။       အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၂၀ – ၁၂ – ၂၀၁၇ ရက်နေ့မှ  ၂ – ၁ – ၂၀၁၈ ရက်နေ့ အထိ ရုံးချိန်အတွင်း (၁)စုံလျှင် ငွေကျပ် ၁၀၀၀၀/- (ကျပ် တစ်သောင်းတိတိ)ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး လျှောက်လွှာများကို ၃ – ၁ – ၂၀၁၈ရက်(ဗုဒ္ဓဟူးနေ့) (၁၁း၀၀)နာရီ နောက်ဆုံးထားလက်ခံ၍ (၁၃း၃၀)နာရီတွင်  အိတ်ဖွင့်တင်ဒါဖွင့်ဖောက်ခြင်းကို ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

၃။      အိတ်ဖွင့်တင်ဒါ တင်သွင်းလိုသူသည် မိမိတင်သွင်းသည့် လုပ်ငန်းအတွက် သတ်မှတ် တင်ဒါ အာမခံ စပေါ်ငွေကြေး (တင်ဒါတန်ဖိုး၏ ၁%)ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိ အမှတ်ပြုထားသည့်  ဘဏ်တစ်ခုခုတွင် တင်သွင်း၍ ပေးသွင်းပြီးကြောင်း အထောက်အထားကို သတ်မှတ်အိတ်ဖွင့် တင်ဒါ ပုံစံနှင့်အတူ ပူးတွဲ၍တင်သွင်းရမည်။

၄။      အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာ ပြည်)သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် ၀၁-၆၂၆၀၆၇၊ ၀၁-၆၂၆၀၆၈ သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

                                                              တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)