အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နေပြည်တော်၊ ရုံးအမှတ်(၁၇) အနေဖြင့် ဧည့်နားနေဆောင် (၉၀’x ၂၀’x ၉’)(၁)လုံး တည်ဆောက်ခြင်း၊ရုံးသုံးစက်ကိရိယာ(၁၉)မျိုးနှင့် ရုံးသုံးပရိဘောဂ (၁၀)မျိုး ဝယ်ယူခြင်းတို့ကို မြန်မာနိုင်ငံသားလုပ်ငန်းရှင်များနှင့် ဆောင်ရွက်လိုပါသဖြင့် အိတ်ဖွင့် တင်ဒါ တင်သွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၂-၁၀-၂၀၁၈ ရက်နေ့မှ ၃၁-၁၀-၂၀၁၈ ရက် နေ့အထိ ရုံးချိန်အတွင်း တည်ဆောက်ရေးလုပ်ငန်း၊ ရုံးသုံးစက်ကိရိယာပစ္စည်းများနှင့် ရုံးသုံး ပရိဘောဂပစ္စည်းများအတွက် (၁)စောင်လျှင် ငွေကျပ်(၁၀ဝဝဝိ/-)နှုန်းဖြင့် ရောင်းချသွားမည် ဖြစ်ပြီး၊ တည်ဆောက်ရေးလုပ်ငန်းအတွက် ၁-၁၁-၂၀၁၈ ရက် (ကြာသပတေးနေ့)၊ ရုံးသုံး စက် ကိရိယာနှင့်ရုံးသုံးပရိဘောဂအတွက် ၂-၁၁-၂၀၁၈ ရက် (သောကြာနေ့)တို့တွင် လျှောက်လွှာများ လက်ခံခြင်းနှင့် အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်  ကြေညာခြင်းကို တစ်ရက်တည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၃။      တင်ဒါတင်သွင်းသူများသည် မိမိတို့၏ လုပ်ငန်း/ ပစ္စည်းအမျိုးအစားအလိုက် တင်ဒါ တန်ဖိုး၏ ၁% တင်ဒါအာမခံစပေါ်ငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့အမည်ဖြင့် Payment Order ပြုလုပ်ပြီး မူရင်းနှင့်မိတ္တူတစ်စောင်ကို သတ်မှတ်တင်ဒါပုံစံနှင့်အတူ ပူးတွဲတင်ပြရမည်။

၄။      အသေးစိတ်သိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၀၉၄၅၈ / ၃၄၀၉၄၅၈ နှင့် ၀၆၇-၄၀၉၂၄၉/ ၃၄၀၉၂၄၉ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။