(Screening Test) ရေးဖြေစာမေးပွဲ အောင်မြင်သူများ အတွက် နေပြည်တော် စာစစ်ဌာနအတွက် အသိပေး ကြေညာချက်
ပထမအဆင့် ပဏာမစစ်ဆေးခြင်း(Screening Test) ရေး ဖြေစာမေးပွဲ အောင်မြင်သူများအတွက် ဒုတိယအဆင့် ရေး ဖြေစာမေးပွဲကို အထက(၃)နေပြည်တော် စာဖြေဌာန တွင် ကျင်းပမည်ဖြစ်ပါသည်။
ဖြေဆိုခွင့်ကတ်ပြားများကို ၁၉–၇–၂၀၁၈ ရက်(ကြာသပတေးနေ့)နှင့် ၂၀–၇–၂၀၁၈ ရက် (သောကြာနေ့) တို့တွင် ရုံးအမှတ်(၁၇)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နေပြည်တော်၌ ရုံးချိန်အတွင်း ထုတ်ပေးမည် ဖြစ်ပါသည်။
စာမေးပွဲအချိန်စာရင်း–
၂၁ – ၇ – ၂၀၁၈ ( စနေနေ့ ) ၀၉:၀၀နာရီမှ ၁၁:၀၀ နာရီအထိ မြန်မာစာ
၁၃:၀၀နာရီမှ ၁၅:၀၀ နာရီအထိ အင်္ဂလိပ်စာ
၂၂ – ၇ – ၂၀၁၈ ( တနင်္ဂနွေနေ့ ) ၀၉:၀၀နာရီမှ ၁၁:၀၀ နာရီအထိ သုတရေးရာ
စာဖြေခန်းများလမ်းညွှန်အသေးစိတ်ကို download ရယူနိုင် ကြည့်ရှုနိုင်ပါသည်။