အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်းကို အသိပေးကြေညာခြင်း

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးက ကြီးမှူး၍ “အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်ရေးရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လူမှုကြော်ငြာပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအတွက် ပြိုင်ပွဲဝင်ဖိတ်ခေါ်စာပါ စည်းကမ်းသတ်မှတ်ချက်များ၊ ဝင်ရောက်ယှဉ်ပြိုင်သူများ၏ ဝင်ခွင့်လျှောက်လွှာ/ ဝန်ခံကတိပြုလွှာတို့အား အောက်ပါအတိုင်း အသေးစိတ် download ရယူ၍ ယှဉ်ပြိုင်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

ဖိတ်ခေါ်စာနှင့် စည်းကမ်းသတ်မှတ်ချက်များ

ဝင်ခွင့်လျှောက်လွှာ/ ဝန်ခံကတိပြုလွှာ