စာရေးဝန်ထမ်း ကြီးကြပ်သင်တန်း အမှတ်စဉ်(၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနား (၆-၁-၂၀၂၅)

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၆-၁-၂၀၂၅ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန် စာရေးဝန်ထမ်း ကြီးကြပ်သင်တန်း အမှတ်စဉ်(၂၆) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့  တက္ကသိုလ်ရှိ  ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊  ပါမောက္ခများနှင့် တာဝန်ရှိသူများ အဆိုပါ သင်တန်းမှ  သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၈၃)ဦး တက်ရောက်ခဲ့ကြပါသည်။