စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၁၃) သင်တန်းဖွင့်ပွဲ အခမ်းအနား (၂ – ၆ – ၂၀၂၅)

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၂ – ၆ – ၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၁၃)၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့  တက္ကသိုလ်ရှိ  ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊  ပါမောက္ခများနှင့် တာဝန်ရှိသူများ အဆိုပါ သင်တန်းမှ  သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၆၅)ဦး တက်ရောက်ခဲ့ကြပါသည်။