၂၀၂၄ ခုနှစ်၊ (၁၄)ကြိမ်မြောက် မြန်မာ့ရိုးရာ မိသားစုထမနဲထိုးပြိုင်ပွဲကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ အားပေးကြည့်ရှုခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၄ ခုနှစ်၊ (၁၄) ကြိမ်မြောက် မြန်မာ့ရိုးရာမိသားစုထမနဲထိုး ပြိုင်ပွဲကို ၁၆ – ၂ – ၂၀၂၄ ရက် (သောကြာနေ့)တွင် ရုံးအမှတ်(၁၇)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်နှင့် အဖွဲ့ဝင်များ၊ ဌာနအကြီးအမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာ တက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပါသည်။

ထမနဲထိုးပြိုင်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် – ၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပခဲ့ပြီး နေပြည်တော်၊ ရုံးအမှတ် (၁၇) ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဝန်ထမ်းရေးရာဦးစီးဌာနတို့မှ ဌာနအလိုက် အရာထမ်း၊ အမှုထမ်းများ ပါဝင်သည့် အသင်း (၃) သင်းစီဖြင့် စုစုပေါင်း (၉) သင်း ပါဝင်ယှဉ်ပြိုင်ကြပါသည်။ ထမနဲထိုး ယှဉ်ပြိုင်နေမှုများအား ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လိုက်လံအားပေးခြင်း၊ အကဲဖြတ်အမှတ်ပေးခြင်းများ ဆောင်ရွက်ပါသည်။

ထို့နောက် ပါဝင်ယှဉ်ပြိုင်ကြသည့်အသင်းများနှင့် ဆုရရှိခဲ့သူများကို ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများချီးမြှင့်ပေးအပ်ပါသည်။ ပထမဆုရရှိသည့် ဥက္ကဋ္ဌရုံးအဖွဲ့၊ အဖွဲ့ (၂)            အသင်း၊ ဒုတိယဆုရရှိသည့် ဝန်ထမ်းရေးရာဦးစီးဌာန၊ အဖွဲ့(၁)အသင်းနှင့် တတိယဆုရရှိသည့် ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန၊ အဖွဲ့(၃) အသင်းတို့ကို ဥက္ကဋ္ဌ ဦးအောင်သော်မှလည်းကောင်း၊ နှစ်သိမ့် ဆုရအသင်းများကို အဖွဲ့ဝင်များမှလည်းကောင်း အသီးသီးဆုချီးမြှင့်ခဲ့ပါသည်။