ကြော်ငြာစာအမှတ်(၃/၂၀၂၀)ဖြင့် ခေါ်ယူထားသည့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၁၀)ခုရှိ လစ်လပ်ရာထူး(၁၉၅)နေရာအတွက် e-mail ပေးပို့ရန် ကျန်ရှိသူများအား ထပ်မံအသိပေးကြေညာခြင်း

၁။      ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ကြော်ငြာစာအမှတ် (၃/၂၀၂၀)ဖြင့် ခေါ်ယူထားသည့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၁၀)ခုရှိလစ်လပ်ရာထူး(၁၉၅)နေရာအတွက် အွန်လိုင်းစာမေးပွဲ(Online Exam) စစ်ဆေးဆောင်ရွက်ခွင့်ရရှိပါက အွန်လိုင်းစာမေးပွဲ(Online Exam)အချိန်မီ ကျင်းပနိုင်ရေးအတွက် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဉီးစီးဌာန၊ ရွေးချယ်ရေးဌာနစိတ်၏ e-mail Account– csstdselction@ gmail.com သို့ ၆-၁-၂၀၂၁ ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ ခုံအမှတ်၊ အမည်၊ မှတ်ပုံတင်အမှတ်၊ လက်ရှိနေထိုင်သည့် နေရပ်လိပ်စာအပြည့်အစုံ၊ e-mail အသုံးပြုမည့် ဖုန်းနံပါတ်၊ ဖုန်းအမျိုး အစားနှင့် e-mail Address (မိမိကိုယ်ပိုင် e-mail Address ဖြစ်ရပါမည်)တို့ကို ပေးပို့ပေးပါရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website, Facebook Page နှင့် Myanmar National Web Portal တို့တွင် ၂၄-၁၂-၂၀၂၀ရက်(ကြာသပတေးနေ့)၌ အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။ ယခုအချိန်အထိ   e-mail ပေးပို့ခြင်းမရှိသေးသူများရှိနေကြောင်း စိစစ်တွေ့ရှိရပါသဖြင့် ပေးပို့ရန် ကျန်ရှိသူများအနေဖြင့် ၄-၂-၂၀၂၁ရက်(ကြာသပတေးနေ့) နောက်ဆုံးထား၍ အထက်ဖော်ပြပါအချက်အလက်များကို မပျက်မကွက် ပေးပို့ပေးပါရန်နှင့် အချိန်မီပေးပို့လာခြင်း မရှိပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် စာမေးပွဲဖြေဆိုရန် ဆန္ဒမပြုဟု  မှတ်ယူမည် ဖြစ်ပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။

၂။       ဖြေဆိုသူများလိုက်နာရမည့်အချက်များ၊ သတိပြုရှောင်ကြဉ်ရမည့်အချက်များ၊ လေ့လာရန် မေးခွန်းနှင့်သက်ဆိုင်သောအချက်အလက်များနှင့် ဖြေဆိုရမည့် စာစစ်ဌာနနေရာများ၊ ခုံအမှတ် စာရင်းများကို Website, Facebook Page နှင့် Myanmar National Web Portal တွင် အချိန်မီထပ်မံအသိပေး ကြေညာသွားမည်ဖြစ်ပါကြောင်းနှင့် ဖြေဆိုသူများအနေဖြင့် စုံစမ်းမေးမြန်း လိုသည့်အချက်များရှိပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော် (တယ်လီဖုန်း အမှတ်၊ ၀၆၇-၃၄၀၉၀၅၂၊ ၀၆၇-၃၄၀၉၄၃၀၊ ၀၉-၄၂၄၄၀၈၉၅၄၊ ၀၉-၄၂၀၇၀၆၆၀၅၊                  ၀၉-၄၂၀၇၀၆၆၀၆ ) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဉီးစီးဌာန