ဇူလိုင်လ (၁) ရက် နှင့် (၂) ရက်နေ့များတွင် မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်မည့် ရာထူးဝင်ခွင့် ရေးဖြေစာမေးပွဲ အမှတ်စဉ် (၂/၂၀၁၇ )
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၁)ရက် (Saturday)နှင့် (၂)ရက်(Sunday) ရက်နေ့များတွင် မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ရာထူးဝင်ခွင့် ရေးဖြေစာမေးပွဲအမှတ်စဉ်(၂/၂၀၁၇ ) အတွက် ဖြေဆိုခွင့်ကတ်ပြားထုတ်ယူရမည့်နေရာ၊ ကောင်တာအမှတ်၊ ဖြေဆိုရမည့် ကျောင်း၊ စာမေးပွဲအချိန် စာရင်းတို့ကိုသိရှိနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး၏ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် ၂၉-၆-၂၀၁၇ ရက်နေ့နှင့် ၃၀-၆-၂၀၁၇ ရက် နေ့များတွင် ရုံးချိန်အတွင်းစာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် သွားရောက် ထုတ်ယူရန် ဖြစ်ပါကြောင်းထပ်မံအသိပေးကြေညာအပ်ပါသည်။