ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရေးဖြေအောင်မြင်သူများအား စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်း ဆိုင်းငံ့ထားကြောင်း အသိပေးကြေညာချက်
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၁၇)ခုတွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး (၄၇၂)နေရာ [ကြော်ငြာစာအမှတ်၊ ၂/၂၀၂၁] နှင့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၁၇)ခုတွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၄၂၈)နေရာ [ကြော်ငြာစာအမှတ်၊ ၄/၂၀၂၁၊ ၇/၂၀၂၁ နှင့် ၈/၂၀၂၁] တို့ အတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများ၏ အမည်စာရင်းနှင့် နေ့ရက်တို့ကို ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန၏ ၁၈-၂-၂၀၂၂ ရက်စွဲပါကြေညာချက်အမှတ်(၅/၂၀၂၂)ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website ဖြစ်သည့် www.ucsb.gov.mm နှင့် Myanmar National Web Portal ဖြစ်သော www.myanmar.gov.mm တို့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ လတ်တလော ဖြစ်ပွားလျက်ရှိသော Omicron (အိုမီခရွန်) ကူးစက်ပြန့်ပွားမှု အခြေအနေအရ ဒေသဖြတ်ကျော် သွားလာမှု အခက်အခဲများကြောင့် ကြေညာချက်အမှတ် (၅/၂၀၂၂)တွင် ဖော်ပြထားသည့် နေ့ရက်များအတိုင်း ရေးဖြေအောင်မြင်သူများကို စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုကို လတ်တလောကျင်းပပြုလုပ်နိုင်ခြင်း မရှိသေးပါကြောင်း၊ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမည့် နေ့ရက်ကို ထပ်မံကြေညာသွားမည်ဖြစ်ပါကြောင်းနှင့် ကြေညာချက်ပါစာပိုဒ် (၃)တွင် ဖော်ပြထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ(အမျိုးသား)ရာထူး(၅၀)နေရာအတွက် နေပြည်တော်တွင် ရောက်ရှိပြီး ကြံ့ခိုင်သန်စွမ်းမှုနှင့် မျက်စိအမြင်စစ်ဆေးလျက်ရှိသည့် လူတွေ့ စစ်ဆေးခံယူမည့်သူ (၇၈)ဦးတို့ကိုသာ စိတ်အခြေအနေစစ်ဆေးခြင်းကို ၂၇-၂-၂၀၂၂ နှင့် ၂၈-၂-၂၀၂၂ ရက်နေ့တို့တွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခြင်းကို ၂၈-၂-၂၀၂၂ နှင့် ၁-၃-၂၀၂၂ ရက်နေ့တို့တွင်လည်းကောင်း၊ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
အခြားစုံစမ်းမေးမြန်းလိုချက်ရှိပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော် (ဖုန်း၊ ၀၆၇-၃၄၀၉၀၅၂၊၀၆၇-၃၄၀၉၄၃၀၊၀၉-၄၂၄၄၀၈၉၅၄ ၊ ၀၉-၄၂၀၇၀၆၆၀၅၊ ၀၉-၄၂၀၇၀၆၆၀၆၊ ၀၉-၇၉၇၇၂၇၆၉၆၊ ၀၉-၄၄၁၉၃၇၃၄၃၊ ၀၉-၂၆၂၅၀၂၉၈၈ ) သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။