ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများ ယာယီနေအိမ်များတွင် နေရာချထားပြီးစီးခြင်း အထိမ်းအမှတ် ဖျော်ဖြေရေး အခမ်းအနားကျင်းပခြင်း
ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများအား ယာယီဝန်ထမ်းနေအိမ်များတွင် နေရာချထားပြီးစီးခြင်း အထိမ်းအမှတ်ဖျော်ဖြေရေးအခမ်းအနားကို ဇူလိုင်လ (၁၂) ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇) ရှိ ယာယီဝန်ထမ်းအိမ်ရာ ရပ်ကွက် (C) တွင် ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်နှင့် အဖွဲ့ဝင်များ၊ ဌာနအကြီးအကဲများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် မြဝတီရုပ်မြင်သံကြား (နေပြည်တော်) ဖျော်ဖြေရေးအဖွဲ့မှ တေးသံသာများဖြင့်ဖျော်ဖြေခြင်း၊ ဝါသနာရှင်ဝန်ထမ်းမိသားစုဝင်များမှ သီချင်းများ၊ အကအခုန်များဖြင့် ပါဝင်ဖျော်ဖြေပါသည်။ အခမ်းအနားအပြီးတွင် မြဝတီရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အဖွဲ့သို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ချီးမြှင့်သော ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၂၀) တိတိကို အဖွဲ့ဥက္ကဋ္ဌမှ ပေးအပ်ရာ ဖျော်ဖြေရေးအဖွဲ့များက လက်ခံရယူပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် မန္တလေးမြေငလျင်ကြောင့် အိမ်ရာများပျက်ဆီးခဲ့သော ဝန်ထမ်းမိသားစုဝင်(၉၀)စု၊ လူဦးရေ(၂၀၅)ဦးအား ငလျင်လှုပ်ခတ်ပြီးချိန်တွင် ရုံးအတွင်းယာဉ်ရပ်နား စခန်းတွင် အရေးပေါ်နေရာချထားခဲ့ရာမှ ယခုအခါ ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုအားလုံးကို ဘာရှာတဲ (၂၀) လုံး၊ Container (၇၀) လုံးတို့တွင် ယာယီနေထိုင်ရန် အပြီးသတ်နေရာချထားပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဝန်ထမ်းများလည်း အဆင်ပြေစိတ်ချမ်းမြေ့စွာ နေထိုင်နေပြီဖြစ်ကြောင်း၊ ငလျင်ဘေးဒဏ်ကြောင့် စိတ်သောကရောက်ခဲ့ရသော ဝန်ထမ်းမိသားစုများအား စိတ်ဓာတ်မြှင့်တင်ရန်နှင့် အပန်းပြေစေရန် အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။