အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၀၃) သင်တန်းဖွင့်ပွဲ အခမ်းအနား (၂ – ၆ – ၂၀၂၅)
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၂ – ၆ – ၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန် အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၀၃)၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ အဆိုပါ သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၈၃)ဦး တက်ရောက်ခဲ့ကြပါသည်။




