အဖွဲ့အကြောင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ၂ဝဝ၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ၂၈-၁၀-၂၀၁၀ ရက်စွဲနေ့တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၄/၂၀၁၀ ဖြင့် ပြဌာန်းခဲ့ပါသည် ။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် ၁၉၇၇ခုနှစ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥပဒေအရ ဖွဲ့စည်းခဲ့သော ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ကို ဆက်ခံသောအဖွဲ့ ဖြစ်ပါသည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေအရ အဖွဲ့ကို ဥက္ကဋ္ဌ အပါအဝင်အဖွဲ့ဝင် အနည်းဆုံး(၅)ဦးမှ အများဆုံး(၇)ဦးဖြင့် ဖွဲ့စည်းရပါမည်။ အဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ အခန်း(၃) တွင် ပြဌာန်းထားပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အာဆီယံ ကွန်ဖရင့်တွင် မြန်မာနိုင်ငံကိုယ်စားပြု ဆက်သွယ်ဆောင်ရွက် နေသော အဖွဲ့အစည်းဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်...

နောက်ခံသမိုင်း

မြန်မာနိုင်ငံမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော် မြန်မာဘုရင်များ၏ အုပ်ချုပ်မှုအောက် အချုပ်အခြာအာဏာ ပိုင်နိုင်ငံအဖြစ် တည်ရှိခဲ့စဉ်တည်းက မင်းမှုထမ်းများအား ရွေးချယ်ခန့်ထားသည့် စနစ်၊ စံနှုန်းများနှင့်အညီ လက်ရုံးရည်၊ နှလုံးရည်၊ သတ္တိ၊ ဗျတ္တိ၊ ထူးချွန်ထက်မြက်သော အမှုတော် ထမ်းများ ရရှိစေရန်အတွက် ပြိုင်ပွဲများ၊ စာပြန်ပွဲများ ကုန်းဘောင်နှောင်းခေတ်ကာလ မြန်မာမင်းများ လက်ထက် ဝန်ထမ်းခန့်ထားသည့်စနစ်အနေဖြင့် နေပြည်တော်အုပ်ချုပ်ရေးအဆင့်နှင့်ဒေသန္တရ အုပ်ချုပ်ရေးအဆင့်ဟူ၍ တိကျစွာသတ်မှတ်ထားပြီး နေပြည်တော် သို့မဟုတ် ဗဟိုအဆင့်တွင် လွှတ်ရုံး ငါးရပ်ဟု ခေါ်တွင်သော လွှတ်တော်၊ ဗြဲတိုက်၊ ရှေ့ရုံး၊ နောက်ရုံး၊ တရားရုံးတို့ကို ဖွဲ့စည်းထား ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်...

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အစည်း(၂၈)ခု၊ ကြေညာချက်အမှတ်(၁/၂၀၂၃)အတွက် စိတ်အခြေအနေနှင့် လူတွေ့ စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အစည်း(၂၈)ခု၊ ကြေညာချက်အမှတ်(၁/၂၀၂၃)အတွက် စိတ်အခြေအနေနှင့် လူတွေ့ စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း။

အသေးစိတ်ကို download ရယူကြည့်ရှုနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်
ကြော်ငြာစာအမှတ် (၁/၂၀၂၃)  ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လစ်လပ်ရာထူး (၂၀၀) နေရာအတွက်ကြော်ငြာခေါ်ယူခြင်း

ကြော်ငြာစာအမှတ် (၁/၂၀၂၃)  ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လစ်လပ်ရာထူး (၂၀၀) နေရာအတွက်ကြော်ငြာခေါ်ယူခြင်း

အသေးစိတ်အား download ရယူကြည့်ရှုနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်
နိုင်ငံခြားပညာသင်စိစစ်ရွေးချယ်စေလွှတ်ရေးလုပ်ငန်းကော်မတီမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသို့ အစည်းအဝေးအမှတ်စဉ်အလိုက် ခွဲဝေပေးခဲ့သည့် ပညာသင်ဦးရေစာရင်း

နိုင်ငံခြားပညာသင်စိစစ်ရွေးချယ်စေလွှတ်ရေးလုပ်ငန်းကော်မတီမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသို့ အစည်းအဝေးအမှတ်စဉ်အလိုက် ခွဲဝေပေးခဲ့သည့် ပညာသင်ဦးရေစာရင်း

အသေးစိတ်အား Download ရယူကြည့်ရှုနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့တွင် လစ်လပ်လျက်ရှိသော ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူး(၁)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့တွင် လစ်လပ်လျက်ရှိသော ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူး(၁)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

အသေးစိတ်အား Download ရယူကြည့်ရှုနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်
နိုင်ငံခြားပညာသင်စိစစ်ရွေးချယ်စေလွှတ်ရေးလုပ်ငန်းကော်မတီမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ အတွင်း ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသို့ အစည်းအဝေးအမှတ်စဉ်အလိုက် ခွဲဝေပေးခဲ့သည့် ပညာသင်ဦးရေစာရင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော စစ်ဆေးရေးမှူး-၂ (စိတ်စစ်ဆေးရေး)(လစာနှုန်း ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး(၄)နေရာအတွက် ကြော်ငြာခေါ်ယူခြင်း