တက္ကသိုလ်/ကောလိပ် ဆရာ၊ ဆရာမများအထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၄)၏ သင်တန်းဆင်းပွဲ အခမ်းအနား(၃၁-၁-၂၀၂၅)
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၃၁-၁-၂၀၂၅ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန် တက္ကသိုလ်/ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၄)၏သင်တန်းဆင်းပွဲ အခမ်းအနားကို ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်သော် တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် သူရဦးဘိုနီ၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ပါမောက္ခချုပ် ဦးကျော်စိုး၊ ပညာရေးဝန်ကြီးဌာန၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာတင့်တင့်၊ ရဲအရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ဗဟိုမီးသတ် သင်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများ၊ တက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ အဆိုပါ သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၆၃)ဦး တက်ရောက်ခဲ့ကြပါသည်။