ရွေးချယ်ခံရသူများ အမည်စာရင်း ကြေညာခြင်း
ကြော်ငြာစာအမှတ်(၃/၂၀၂၃)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၂၀)ခုမှ ပြန်တမ်းဝင်အရာရှိ အဆင့်စတင်ခန့်လစ်လပ်ရာထူး(၄၇၇)နေရာနှင့် ကြော်ငြာစာအမှတ်(၄/၂၀၂၃)ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့်စက်မှုဝန်ကြီးဌာနတို့မှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ် ရာထူး(၃၁)နေရာ၊စုစုပေါင်း(၅၀၈)နေရာတို့အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ရေးဖြေစာမေးပွဲ အမှတ်စဉ်(၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၈)ရက်နှင့် (၉)ရက်နေ့တို့တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့တို့၌ စာစစ်ဌာန (၅)ခုဖြင့် တစ်ပြိုင်တည်း ကျင်းပ စစ်ဆေးမှုပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါလစ်လပ်ရာထူး(၅၀၈)နေရာအတွက် လျှောက်ထားသူ (၂၆၄၉)ဦး (ကျား- ၁၂၂၅ ၊ မ-၁၄၂၄)၌ ရေးဖြေစာမေးပွဲတွင်(၃)ဘာသာလုံးလာရောက်ဖြေဆိုသူ စုစုပေါင်း (၂၀၁၃)ဦး (ကျား- ၉၅၂ ၊ မ- ၁၀၆၁) ရှိခဲ့သည့်အနက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူရန် ( ၃၂၂ )ဦး ( ကျား – ၁၂၅ ၊ မ – ၁၉၇ )တို့ကို အကြောင်းကြားခဲ့ရာ ( ၁၅ )ဦး ပျက်ကွက်ခဲ့သဖြင့် ကျန်ပုဂ္ဂိုလ်( ၃၀၇ )ဦးတို့အား ၂၉ – ၉ -၂၀၂၃ ရက်နေ့မှ ၆-၁၀-၂၀၂၃ ရက်နေ့အထိ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခဲ့ပြီး ဖြစ်ပါသည်။
၃။ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၂၁)ခုရှိ လစ်လပ်ရာထူး စုစုပေါင်း(၅၀8)နေရာတွင် လူတွေ့စစ်ဆေးခြင်းခံယူခဲ့သူများကို သက်ဆိုင်ရာလစ်လပ်ရာထူးနေရာ အလိုက် ခန့်ထားနိုင်ရန် အတွက် သင့်လျော်သူ အောက်ဖော်ပြပါပုဂ္ဂိုလ် ( ၂၂၉)ဦး ( ဝန်ထမ်း – ၁၄၄ ၊ ပြင်ပ – ၈၅ ) တို့ကို ရွေးချယ်ကြောင်း ကြေညာအပ်ပါသည်-
အသေးစိတ်ကို download လုပ်၍ ကြည့်ရှုနိုင်ပါသည်။