အဆင့်မြင့် အရာထမ်း သင်တန်း အမှတ်စဉ်(၂၀)၏ သင်တန်းဖွင့်ပွဲ အခမ်းအနား(၂၃-၆-၂၀၂၅)

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၂၃-၆-၂၀၂၅ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန် အဆင့်မြင့် အရာထမ်းသင်တန်း အမှတ်စဉ်(၂၀)၏သင်တန်းဖွင့်ပွဲ အခမ်းအနားကို နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်သော် တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့  ပြည်ထောင်စုရာထူးဝန်အဖွဲ့၊  ညွှန်ကြား‌ရေးမှူးချုပ် ဦးမြင့်ဆွေ၊ တက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊  ပါမောက္ခများနှင့် တာဝန်ရှိသူများ အဆိုပါ သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၄၆)ဦး တက်ရောက်ခဲ့ကြပါသည်။