အလယ်အလတ်အဆင့်အရာထမ်းသင်တန်း အမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲ အခမ်းအနား (၂-၆-၂၀၂၅)
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၂-၆-၂၀၂၅ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန် အလယ်အလတ်အဆင့်အရာထမ်းသင်တန်း အမှတ်စဉ်(၁၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို နီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် ဦးဆန်းမြင့် တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ အဆိုပါ သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၉၂)ဦး တက်ရောက်ခဲ့ကြပါသည်။




