မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအခမ်းအနားကျင်းပခြင်း

ပြည်ထဲရေးဝန်ကြီးဌာနမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် ဥပဒေအရ အရေးယူအပြစ်ပေးခြင်း ကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ (၂၄) ရက်၊ (၁၄:၀၀)နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)ရှိ စုပေါင်းခန်းမ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးဆန်းမြင့် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးဆန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ရဲမှူးချုပ် သန့်လွင်မောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် ဥပဒေအရအရေးယူအပြစ်ပေးခြင်းကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အသိပညာများကို ဆွေးနွေးတင်ပြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းခဲ့ပါသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ ( ၂၂၄)ဦး တက်ရောက်ခဲ့ကြပါသည်။