လေ့ကျင့်ရေး

လေ့ကျင့်ရေးဌာနစိတ်

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဉီးစီးဌာနသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(၂)ခုတွင် နိုင်ငံ့ဝန်ထမ်းများအား လေ့ကျင့်သင်တန်းပေးရန်ကိစ္စရပ်များအတွက် တက္ကသိုလ်များနှင့်နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအကြား ညှိနှိုင်းပေါင်းစပ်ပေးလျက်ရှိပါသည်။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ပုံမှန်ဖွင့်လှစ်သည့် သင်တန်းများအပြင် အထူးမွမ်းမံသင်တန်းများ ဖွင့်လှစ်နိုင်ရေးကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နယူးဇီလန်နိုင်ငံ၊ ဗစ်တိုးရီးယားတက္ကသိုလ်တို့ ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ အရာထမ်းများအတွက် အင်္ဂလိပ်စာအရည် အသွေးမြင့်မားရေးသင်တန်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၌ ဖွင့်လှစ်သင်ကြား နိုင်ရေးကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။

၂၀၁၈ခုနှစ်၊ဧပြီလမှ၂၀၂၂ ခုနှစ်၊မတ်လအထိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်ခဲ့သည့်သင်တန်းသားဦးရေစာရင်း