အရေးယူအပြစ်ပေးခြင်းအား သက်ညှာလျှော့ပေါ့ပေးပါရန်ကိစ္စအား သဘောထားမှတ်ချက် မေးမြန်းလာသည့်ကိစ္စ

ဝန်ထမ်းအား ချမှတ်ခဲ့သည့် ရာထူးတိုးမြှင့်ခြင်းကို (၅) နှစ်ရပ်ဆိုင်းခြင်းပြစ်ဒဏ်အား လျှော့ပေါ့ပေးရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ထောက်ခံတင်ပြလာမှုအပေါ် လက်ခံရန် သင့်၊ မသင့်ကို သက်ဆိုင်ရာဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုကော်မတီက ကနဦး ဆွေးနွေးဆုံးဖြတ်ရမည်ဖြစ် ပါသည်။

အကယ်၍ သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြစ်ဒဏ်လျှော့ပေါ့ရန် ထောက်ခံတင်ပြမှုကို လက်ခံရန် သဘောတူဆုံးဖြတ်ခဲ့ပါက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ အခန်း (၂၀) အယူခံခြင်း၊ နည်းဥပဒေ ၂၁၈ မှ နည်းဥပဒေ ၂၂၈ အထိပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဆင့်ဆင့် ဆောင်ရွက်ပြီး နည်းဥပဒေ ၂၂၅၊ နည်းဥပဒေခွဲ (ဃ)အရ ပြစ်ဒဏ်အားလျှော့ပေါ့ ပြင်ဆင်ပေးနိုင်မည်ဖြစ်ပါကြောင်း ဤအဖွဲ့မှ သဘောထားမှတ်ချက်ပြန်ကြားခဲ့ပါသည်။