ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်များ
ဝန်ထမ်းရေးရာဦးစီးဌာနသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားမှ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများအား အထောက်အကူပြုနိုင်စေရန်အတွက် အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပေးရပါသည်-
(က) နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများကို ခေတ်ကာလနှင့်လျော်ညီစေရန် သုံးသပ်ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ပေးခြင်း၊
( ခ ) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်း၊
( ဂ ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ်များကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်စိစစ်ပြီး အဖွဲ့အစည်းအဝေးသို့ တင်ပြသဘောတူခွင့်ပြုချက်ရယူ၍ ပြန်ကြားပေးခြင်း၊
(ဃ) နိုင်ငံ့ဝန်ထမ်းများ သိရှိလေ့လာဖတ်ရှုသင့်သည့် စာအုပ်စာစောင်များပြုစုထုတ်ဝေပြီး နိုင်ငံ့ဝန်ထမ်းများအား အသိပညာဗဟုသုတများ ဖြန့်ဝေပေးခြင်း၊
( င ) ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် e-Recruitment and Integrated Civil Service System (ERICSS) စီမံကိန်းပါ ဝန်ထမ်းရေးရာဦးစီးဌာနနှင့် သက်ဆိုင်သည့် Law and Rules Software System၊ Removal and Dismissal Management System နှင့် Civil Service Database Management System အတွက် ရေးဆွဲထားသည့် Software များတွင် သက်ဆိုင်ရာ System များအလိုက် အချက်အလက်များ ထည့်သွင်းဆောင်ရွက်ခြင်း၊
( စ ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှပေးပို့လာသော ရာထူးမှထုတ်ပယ်ခြင်းနှင့် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းခံရသည့် ဝန်ထမ်းများစာရင်းကို ဘဏ္ဍာရေးနှစ်အလိုက် စာရင်းပြုစုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့သို့တင်ပြခြင်းနှင့် စနစ်တကျမှတ်တမ်းတင်ထိန်းသိမ်းထားရှိခြင်း၊
(ဆ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများတွင် ဖွင့်လှစ်သည့်သင်တန်းများ၌ သိရှိလိုက်နာကျင့်သုံးရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲ၊ နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးမူဝါဒ၊ မြန်မာနိုင်ငံ၏နိုင်ငံ့ဝန်ထမ်းစနစ်နှင့် ကောင်းမွန်သောအုပ်ချုပ်ရေးဘာသာရပ်တို့ကို ဆွေးနွေးပို့ချပေးခြင်း၊
( ဇ ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ကြော်ငြာခေါ်ယူသည့် အမှုထမ်းဝင်ပေါက်ရာထူးများကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅ နှင့် ကိုက်ညီမှု ရှိ – မရှိ စိစစ်၍ မှတ်တမ်းတင်ခြင်းနှင့် နှစ်ချုပ်အစီရင်ခံစာပြုစုတင်ပြခြင်း၊
( ဈ) ဝန်ထမ်းအဖွဲ့အစည်းများရှိ အရာထမ်း၊ အမှုထမ်းများ၏ ကိုယ်ရေးအချက်အလက်များ၊ တာဝန်ထမ်းဆောင်မှုမှတ်တမ်း၊ ပြည်တွင်း၊ ပြည်ပသင်တန်းများတက်ရောက်မှု၊ ချီးမြှင့်ခဲ့ရသည့်ဆု၊ ဘွဲ့တံဆိပ်များရရှိမှု၊ ဝန်ထမ်းပြစ်ဒဏ်ချမှတ်ခြင်းခံရမှုများကို မှတ်တမ်းအဖြစ်ထိန်းသိမ်းခြင်း၊
(ည) ဝန်ထမ်းမှတ်တမ်းများအား စနစ်တကျထိန်းသိမ်းထားရှိပြီး နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားအတွက် အထောက်အကူပြုနိုင်ရေး လိုအပ်သောသုတေသနများပြုလုပ်ခြင်း။

