ဦးကျော်ဝင်းဟန်

ဦးကျော်ဝင်းဟန်သည် ၁၉၆၁ ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ့တွင် အဖဦးဝင်းဟန်၊ အမိဒေါ်စုစုတင်တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါသည်။
၁၉၈၇ ခုနှစ်တွင် ရန်ကုန်မြို့၊ စက်မှုတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ (စက်မှု)ကိုရရှိခဲ့ပြီး ဗဟို ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ၁၉၉၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ လက်ထောက် အင်ဂျင်နီယာ အဖြစ်လည်းကောင်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်ထိ ကထိကအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဒုတိယညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)သို့ ပြောင်းရွှေ့၍ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး) တာဝန်ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိထမ်းဆောင်ခဲ့ပါသည်။ ဆက်လက်၍ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာနသို့ (၃၀-၁-၂၀၁၇) ရက်နေ့တွင်ပြောင်းရွှေ့၍ ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း၊ ဝန်ထမ်းရေးရာဦးစီးဌာနသို့ (၁၃-၆-၂၀၁၇)ရက်နေ့တွင် ပြောင်းရွှေ့၍ လစာ နှုန်းတူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး (၄-၃-၂၀၂၀)ရက်နေ့မှစ၍ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ပါမောက္ခချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင် လျက်ရှိပါသည်။ ဦးကျော်ဝင်းဟန်သည် ၁၉၈၇ ခုနှစ်တွင် ဒေါ်ခင်မျိုးနိုင်နှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး (၂) ဦး ထွန်းကားခဲ့ပါသည်။