ဦးအောင်တင်စိုး (ညွှန်ကြားရေးမှူးချုပ်/ အမြဲတမ်းအတွင်းဝန်)

ညွှန်ကြားရေးမှူးချုပ် ဦးအောင်တင်စိုးသည် ၁၉၈၅ ခုနှစ်တွင် မကွေးဒီဂရီကောလိပ်(ယခု မကွေးတက္ကသိုလ်)မှ သိပ္ပံဘွဲ့(ဓာတုဗေဒ)ကို ရရှိခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇၅)ကို တက်ရောက် အောင်မြင်ခဲ့ကာ ၁၉၈၈ ခုနှစ်၊ မေလတွင် တပ်မတော်(ကြည်း)၌ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရပါသည်။ ခြေလျင်/ခြေမြန် တပ်ရင်းများ၊ တိုင်းစစ် ဌာနချုပ်၊ ခြေမြန်တပ်မဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်နှင့်တပ်မတော်(ကြည်း) စစ်ကြောင်းကြီး များတွင်တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရေးဗိုလ်ကြီးနှင့် တပ်ထောက်ဗိုလ်ကြီး တာဝန်များ၊ ဦးစီးအရာရှိ(တတိယတန်း)၊ စစ်ဦးစီးမှူး (ဒုတိယတန်း) တာဝန်များ၊ ဒုတိယတပ်ရင်းမှူးနှင့် တပ်ရင်းမှူး တာဝန်များ၊ စစ်ဦးစီးမှူး (ပထမတန်း)၊ စစ်ဗျူဟာမှူးတာဝန်နှင့် ဒုတိယကျောင်းအုပ်ကြီး တာဝန်များကို ဒုတိယဗိုလ်အဆင့်မှ ဗိုလ်မှူးကြီးအဆင့်အထိ (၂၆)နှစ်ခန့် ထမ်းဆောင်ခဲ့ပါသည်။

၂၀၀၆ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှ ၂၀၀၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ထိ ကလောမြို့တွင် ဖွင့်လှစ်သည့် စစ်ဦးစီးတက္ကသိုလ် သင်တန်းအမှတ်စဉ်(၅၇) (Command and General Staff College Course No(57)) သို့ တက်ရောက် အောင်မြင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် မေလ ၃ ရက်နေ့မှ ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ထိ နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် (National Defence College) သင်တန်းအမှတ်စဉ်(၁၁)သို့ တက်ရောက်အောင်မြင်ခဲ့ပြီး မဟာဝိဇ္ဇာ(ကာကွယ်ရေးပညာ)ဘွဲ့ M.A(Defence Studies)ကို ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ တပ်မတော် (ကြည်း) အမှတ်(၁၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (ဖရူဆိုမြို့နယ်)၌ ဗိုလ်မှူးကြီး အဆင့်ဖြင့် ၂၀၁၃ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့ထိ တပ်မတော်တာဝန်များကို နောက်ဆုံး ထမ်းဆောင် ခဲ့ပါသည်။ ယင်းနောက်တွင် ၂၀၁၃ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့မှ ၂၀၁၇ ခုနှစ် မတ်လ (၃၁)ရက်နေ့အထိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ပါမောက္ခချုပ် တာဝန်များကို လည်းကောင်း၊ ၂၀၁၇ခုနှစ် ဧပြီလ(၁)ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ(၂၀)ရက်နေ့အထိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌  ပါမောက္ခချုပ် တာဝန်များကိုလည်းကောင်း ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၆–၂၀၁၈ ပညာသင်နှစ်တွင် မိတ္ထီလာစီးပွားရေး တက္ကသိုလ်အစီအစဉ်ဖြင့် မန္တလေးတက္ကသိုလ်၌ဖွင့်လှစ်သော ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်း အမှတ်စဉ်(၂)ကို တက်ရောက်ခဲ့ပြီး ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Master of Public Administration – MPA) ကို ၂၆–၁-၂၀၁၉ ရက်နေ့ ၌ရရှိခဲ့ပါသည်။

ပြည်ပအတွေ့အကြုံများအဖြစ် စင်ကာပူနိုင်ငံသို့ ၄-၈-၂၀၀၀ ရက်မှ ၁၀-၈-၂၀၀၀ ရက်အထိ ရုံးကိစ္စတာဝန် (Delegation) ဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်နှင့် ယူနန်ပြည်နယ်များသို့ ၂၂-၉-၂၀၁၂ ရက်မှ ၃၀-၉-၂၀၁၂ ရက်ထိ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သင်တန်းသားများ လေ့လာရေးခရီးစဉ်အဖြစ်လည်းကောင်း၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ၁၀-၅-၂၀၁၇ ရက်မှ၂၇-၅-၂၀၁၇ ရက် ထိ JICA အစီအစဉ်ဖြင့် ဖွင့်လှစ်သော Governmental Human Resource Management for Senior Officials(A) 2017 သင်တန်းသို့ လည်းကောင်း၊ ၂၂-၇-၂၀၁၉ ရက်မှ ၂၃-၇-၂၀၁၉ ရက်ထိ GRIPS အစီအစဉ်ဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် (၂)ရက်ကြာ ကျင်းပပြုလုပ်သည့် “ Knowledge Creation Workshop 2019 of LEADING Asia Project” သို့ လည်းကောင်း၊ ဂျပန်နိုင်ငံသို့ ၅- ၁၂- ၂၀၁၉ ရက်မှ ၆-၁၂-၂၀၁၉ ရက်ထိ Knowledge Creation Workshop of Leading Asia Project” (LA Project) သို့လည်းကောင်း သွားရောက်ခဲ့ပါသည်။ ၂-၈-၂၀၂၂ မှ ၇-၈-၂၀၂၂ ရက်ထိ ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်သည့် ၂၁ ကြိမ်မြောက် ACCSM နှင့် ACCSM + 3 SOM Meeting နှင့် (၆)ကြိမ်မြောက် ACCSM နှင့် ACCSM+3 Heads Meeting တို့သို့ တက်ရောက်ခဲ့ပါသည်။

တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် စစ်ဘက်ဆိုင်ရာဘွဲ့တံဆိပ်များဖြစ်သည့် နိုင်ငံတော် စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ မိုင်းယန်း/ မဲသဝေါတံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ စစ်မှုထမ်းသက်(၂၀)နှစ်တံဆိပ်၊ နိုင်ငံအကျိုးဆောင် တံဆိပ်၊ စစ်ပွဲတံဆိပ်(၁၉၈၈/၁၉၉၀)၊ ခြေလျင်တပ်စုမှူး သင်တန်းတံဆိပ်၊ ခြေလျင်တပ်ခွဲမှူး သင်တန်းတံဆိပ်၊ ခြေလျင်တပ်ရင်းမှူးသင်တန်းတံဆိပ်၊ စစ်ဦးစီးတက္ကသိုလ်သင်တန်းတံဆိပ်၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သင်တန်း တံဆိပ်များကို ရရှိခဲ့ပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးတံဆိပ်ကို ရရှိခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်သမ္မတရုံး၏ ၁၇–၁–၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၇/၂၀၂၀ အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနတွင်  ၂၁–၁-၂၀၂၀ ရက်မှ စတင်၍ ညွှန်ကြားရေးမှူးချုပ် တာဝန်များကိုထမ်းဆောင်လျက်ရှိရာ နိုင်ငံတော်သမ္မတမှချီးမြှင့်သည့်ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ကိုရရှိခဲ့ပါသည်။

ယခုလက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၉–၈–၂၀၂၁ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၂၄၆/၂၀၂၁ အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၏ တာဝန်ဝတ္တရားများအပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အမြဲတမ်းအတွင်းဝန်ရာထူး၏ တာဝန်ဝတ္တရားများကိုပါ ၂၀–၈-၂၀၂၁ ရက်နေ့မှ စတင်၍  ပူးတွဲ ထမ်းဆောင်လျက်ရှိပါသည်။