လေ့ကျင့်သင်ကြားရေးလုပ်ငန်းများ

သင်တန်းသား(၁၈၀၀)ဆံ့သင်တန်းခန်းမကြီး(၁)ခု၊ သင်တန်းသား(၁၅၀၀)ဆံ့ သင်တန်းခန်းမ ကြီး(၁)ခု၊ (၅၀၀)ဆံ့ ခန်းမလတ်(၁)ခု နှင့် လူ(၂၀၀)ဆံ့ သင်တန်းခန်း(၈)ခုရှိပါသည်။ သင်တန်းသား (၁၂၀)ဆံ့သော ကွန်ပျူတာခန်း (၄)ခန်း၊ သင်ကြားမှု အထောက်အကူပြု ကွန်ပျူတာနှင့် အခြားခေတ်မီလေ့ကျင့်သင်ကြားမှုဌာနများ၊ သုတေသနဌာန၊ တက္ကသိုလ်ပုံနှိပ်တိုက်နှင့် စာအုပ်ပေါင်း(၄၅၀၀၀)ကျော်ရှိသော တက္ကသိုလ် စာကြည့်တိုက်ကို ဖွဲ့စည်း ထားရှိပါသည်။