လေ့ကျင့်သင်ကြားရေးဆိုင်ရာ အဆောက်အဦများ

ခေတ်မီ CCTV စနစ်တပ်ဆင်ထားသည့် သင်တန်းသား(၁၅၀ဝ)ဦးဆံ့ စာသင်ခန်းမ(၁)ခု၊ သင်တန်းသား(၈၀၀)ဆံ့ မဟောသဓ စာသင်ခန်းမ(၁)ခု၊ သင်တန်းသား (၅ဝဝ)ဆံ့ စာသင်ခန်းမ(၁)ခု၊ သင်တန်းသား(၂၀၀)ဆံ့ စာသင်ခန်းမ(၁)ခု၊ သင်တန်းသား(၁၀၀)ဆံ့ စာသင်ခန်းမ(၁)ခု၊ သင်တန်းသား (၂ဝဝ)ဆံ့ စာသင်ဆောင်(၈)ခု၊ ကွန်ပျူတာ(၂)ထပ်စာသင်‌ဆောင်တွင်  ကွန်ပျူတာစာသင်ခန်း (၃)ခန်းတို့ ရှိပါသည်။ ကွန်ပျူတာ စာသင်‌ခန်းများတွင် ကွန်ပျူတာအလုံး(၁၂၀)ဖြင့် စာ‌တွေ့လက်‌တွေ့သင်ကြား ‌ပေးလျက်ရှိပါသည်။ ခေတ်မီ ကွန်ပျူတာအသုံးပြု၍ သင်ကြားပို့ချနည်းများဖြင့် ဖြည့်ဆည်းထားပါသည်။ သု‌တေသနနှင့်ဖွံ့ဖြိုးမှုဌာန၊ တက္ကသိုလ်ပုံနှိပ်တိုက်၊ တက္ကသိုလ်စာကြည့်တိုက်များလည်း ရှိပါသည်။