သင်ကြားရေး

လေ့ကျင့်ရေးဌာနခွဲကို လေ့ကျင့်သင်ကြားရေးဌာနခွဲအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ သင်ကြားရေးဌာနစိတ်အဖြစ်တည်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ၊ မေလမှစတင်၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်သည့် ပုံမှန်နှင့် အထူးမွမ်းမံသင်တန်းများ၏ သင်တန်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။ သင်ကြားရေးဌာနစိတ်အနေဖြင့် နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများ၏ သင်ရိုးညွှန်းတမ်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Training of Trainers –ToT  သင်တန်းများဖွင့်လှစ်နိုင်ရေး၊ ပြည်ပအဖွဲ့အစည်းများ၊ ဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ ပြည်တွင်းပညာရှင်များနှင့်ပူးပေါင်း၍ ဘာသာရပ် သင်ခန်းစာများ ပို့ချနိုင်ရေးတို့ကို အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါသည်-

(က)     ASEAN Network of Public Service Training Institutes (PSTI) တွင် ပါဝင် ဆောင်ရွက်ခြင်း

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ မနီလာမြို့၌ ကျင်းပ ပြုလုပ်ခဲ့သည့် 2ndASEAN Heads of Civil Service Retreat တွင် ASEAN Network of Public Service Training Institutes (PSTIs) တည်ထောင်ဖွဲ့စည်းရန် သဘောတူညီခဲ့မှုအရ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ Training Institute များ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း (Capability Building)၊ ပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်များ၊ စပ်တူလုပ်ငန်းများ (Joint Programmes and Partnerships) နှင့် အရင်း အမြစ်များဖလှယ်ခြင်း (Resource Sharing) တို့တွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

PSTIs Network ၏ မြန်မာ Focal Point များအဖြစ်ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်နန်းဖြူဖြူပွင့်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းလင်းလင်းထွန်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှဒုတိယ ပါမောက္ခချုပ်(သင်ကြားရေး) ဒေါက်တာထွန်းမင်းနှင့်နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်)မှဒုတိယပါမောက္ခချုပ် (သင်ကြားရေး)ဒေါက်တာနမ့်ခင်သင်းစုတို့ကိုသတ်မှတ်ထားရှိပြီးPSTI Network မှ ကျင်းပပြုလုပ်သည့် အစည်းအဝေးများ သို့တက်ရောက်ခြင်း၊ PSTI Facebook Page ၌ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၏ (Activities) များ လွှင့်တင်ခြင်းတို့ကို ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် စင်ကာပူသမ္မတနိုင်ငံ၊ Civil Service College (CSC)မှ ၂၃-၇-၂၀၂၀ နှင့် ၂၄-၇-၂၀၂၀ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် “Training and Development in the Age of COVID-19 for ASEAN PSTI Members(Virtual Programme)” သို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) ဒေါက်တာခင်မာမျိုးနှင့်နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) မှဒုတိယ ပါမောက္ခချုပ် (သင်ကြားရေး)ဒေါက်တာနမ့်ခင်သင်းစုတို့ကမြန်မာနိုင်ငံကိုယ်စားလှယ် များအဖြစ်တက်ရောက်ခဲ့ကြပြီးနိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး) ဒေါက်တာခင်မာမျိုးက မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် Presentation ပြုလုပ်၍ ဆွေးနွေးခြင်းကို လည်းကောင်း၊ စင်ကာပူသမ္မတ နိုင်ငံ၊ Civil Service College (CSC)မှ ၆-၁၁-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ သည့် “Round Table for ASEAN PSTI Heads (Virtual)” သို့ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)မှဒုတိယပါမောက္ခချုပ် (သင်ကြားရေး)ဒေါက်တာ ခင်မာမျိုးနှင့်နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)ဒေါက်တာနမ့်ခင်သင်းစုတို့နှင့်အတူ Observer များအဖြစ်ရုံးအမှတ် (၁၇)မှအရာထမ်းများကတက်ရောက်ခဲ့ကြပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) ဒေါက်တာခင်မာမျိုးက မြန်မာ နိုင်ငံကိုယ်စားပြု Presentation ပြုလုပ်၍ ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

(ခ)     IASIA အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း

International Association of Schools and Institutes of Administration (IASIA) သို့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (Cabinet) အမှတ်စဉ်(၁၆/၂၀၁၈) ၏ ခွင့်ပြုချက်နှင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒဿမပုံမှန်အစည်းအဝေး၏ အတည်ပြုချက်အရ  ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)နှင့်​(အောက်မြန်မာပြည်)တို့သည် ၁၁-၁-၂၀၁၉ ရက်နေ့တွင် IASIA အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး စာတမ်းတင်သွင်းဖတ်ကြားခြင်း၊ Newsletter  တင်သွင်း ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

(၁)     စာတမ်းဖတ်ကြားခြင်း

ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့၌ ၂၂-၇-၂၀၁၉ ရက်နေ့မှ ၂၆-၇-၂၀၁၉ ရက်နေ့ထိ ကျင်းပခဲ့သည့် IASIA Conference 2019 တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ သုတေသနမှူး ဒေါက်တာနေဇာအောင်က “Implementation Process for the Achievement of the Missions and Goals of SDGs in Civil Service Sector: A Case Study in Myanmar” စာတမ်းကို ဖတ်ကြားခဲ့ပါသည်။

(၂)      IASIA Website တွင် ဖော်ပြရန် Newsletter ပေးပို့ခြင်း

၂၀၂၀ ပြည့်နှစ်၌ IASIA Website တွင် ဖော်ပြနိုင်ရေးအတွက် “Promote Cooperation in the Development Implementation of Capacity Building Programmes through Effective Education Training Approach” ဆောင်းပါးကို ပေးပို့ခဲ့ရာ IASIA ၏ “A Newsletter of the IIAS-IISA, July-August 2020” ၌ ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရပါသည်။

ဆက်လက်ပြီး  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပြုစု သည့် Civil Service System in Myanmar ဆောင်းပါးကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် IASIA သို့ ပေးပို့တင်သွင်းခဲ့ပါသည်။

(ဂ) Local Government of Development Institutes – LOGODI နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

၁၆-၆-၂၀၁၉ မှ ၂၀-၆-၂၀၁၉ ရက်နေ့ထိကျင်းပခဲ့သည့် LOGODI Global Forum 2019 သို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ဒေါက်တာ ခင်မာမျိုး၊ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)ကလည်းကောင်း၊ ၂၇-၁၀-၂၀၂၀ ရက် နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့သည့် LOGODI Global Forum 2020 သို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ဒေါက်တာနမ့်ခင်သင်းစု၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြားရေး) ကလည်းကောင်း၊ ၂၆-၁၀-၂၀၂၁ ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့သည့် LOGODI Global Forum 2021 သို့ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) မှ ဒေါက်တာနမ့်ခင်သင်းစု၊ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) ကလည်းကောင်း တက်ရောက်ခဲ့ပါသည်။

ထို့ပြင် ကိုးရီးယားသမ္မတနိုင်ငံ LOGODI ၏ (၂၄) ကြိမ်မြောက် e-Newsletter တွင်  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး) ဒေါက်တာနမ့်ခင်သင်းစုက “Rethinking Education and Training for Civil Service Personnel in the New Normal Post-COVID-19 Era: A Curriculum and Online Learning System Studies Perspectives” ဆောင်းပါးကို ပေးပို့တင်သွင်းခဲ့ပါသည်။

(ဃ)    တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအမျိုးသားတက္ကသိုလ် (China National Academy of Governance-CNAG)နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအမျိုးသားတက္ကသိုလ် (China National Academy of Governance-CNAG) မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အုပ်ချုပ်မှုဆိုင်ရာ တက္ကသိုလ်များနှင့်ပူးပေါင်း၍ အာဆီယံ-တရုတ် အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှုဆိုင်ရာတက္ကသိုလ်များနှင့် ပညာရှင်အစုအဖွဲ့များ – ASEAN-China Network of Academies of Governance and Public Administration and Think-Tanks (ASEAN – China NAGPAT)တည်ထောင်ရန် အဆိုပြုချက်အရ မြန်မာနိုင်ငံကိုယ်စား ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ၂၈-၁၀-၂၀၂၄ ရက်နေ့မှ ၆-၁၁-၂၀၂၄ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-တရုတ် အုပ်ချုပ်မှုနှင့် ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုဆိုင်ရာတက္ကသိုလ်များနှင့် ပညာရှင်အစုအဖွဲ့များ ဆွေးနွေးပွဲသို့ မြန်မာ နိုင်ငံကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးအောင်တင်စိုး တက်ရောက်ခဲ့ပါသည်။

( င)    ဘာသာရပ်ပို့ချနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (၂)ခု၌ ဖွင့်လှစ်လျက်ရှိသည့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း၊ အဆင့်မြင့်အရာထမ်းသင်တန်း၊ အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်း၊ တက္ကသိုလ်/ကောလိပ် ဆရာ၊ဆရာမများအထူးမွမ်းမံသင်တန်းနှင့် အခြေခံ ပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းတို့တွင် ဝန်ကြီးဌာန/ အဖွဲ့အစည်း များမှ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်တွင်း ပညာရှင်များ လာရောက်ပို့ချနိုင်ရေး အတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များနှင့် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိ ပါသည်။

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်းနှင့် အဆင့်မြင့်အရာထမ်းသင်တန်း တို့တွင် ဝန်ကြီးဌာန / အဖွဲ့အစည်းများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်တွင်း ပညာရှင်များဖြစ်ကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏အကြံပေးအဖွဲ့၊ အဖွဲ့ဝင်၊ ဒေါက်တာ ရင်ရင်နွယ်၊ ဦးကျော်ကျော်လှိုင်၊ စာရေးဆရာ (SMART)၊ ပါမောက္ခ ဦးအေးကျော် Founder & Principal (Myanmar Leadership and Management Institute)၊ ဒေါက်တာသုတအောင်၊ CEO, HamsaHub Consulting နှင့်  ဦးမောင်မောင်ငြိမ်း (အငြိမ်းစားဗိုလ်မှူးကြီး) နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် အကြံပေးတို့က လာရောက်ပို့ချပေးလျက်ရှိပါသည်။

( စ)     လေ့ကျင့်ရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ် (Training Management System-TMS) ကို အသုံးပြု၍ သင်တန်းရေးရာကိစ္စရပ်များဆောင်ရွက်ခြင်း

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများသို့ ဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းများမှ သင်တန်းသားများ တက်ရောက်နိုင်ရေးအတွက် သင်တန်း ရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် စာလမ်းကြောင်းမှပေးပို့ခြင်း (Manual)အပြင် လေ့ကျင့်ရေး ဆိုင်ရာစီမံခန့်ခွဲမှု (Digital) စနစ်ကို ပူးတွဲ၍ အသုံးပြုဆောင်ရွက်လျက် ရှိပါသည်။

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း၊ အဆင့်မြင့်အရာထမ်းသင်တန်း၊ အလယ်အလတ်အဆင့်အရာထမ်းသင်တန်း၊ အရာထမ်းအခြေခံသင်တန်း၊ အရာထမ်း လောင်း(အထူး)သင်တန်း၊ စာရေးဝန်ထမ်းကြီးကြပ်သင်တန်း၊ အုပ်ချုပ်မှုစွမ်းရည်မြင့် မားရေးသင်တန်းတို့တွင် သင်တန်းသားစာရင်းကို စာလမ်းကြောင်းမှ ပေးပို့ခြင်းမပြုဘဲ လေ့ကျင့်ရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တစ်မျိုးတည်းကိုသာ အသုံးပြု၍ သင်တန်းသား အမည်စာရင်းပေးပို့လက်ခံခြင်း၊ သင်တန်းသား ကင်းလွတ်ခွင့်/ အစားထိုး/ သင်တန်းသား စာရင်းစိစစ်ခြင်း စသည့်သင်တန်းရေးရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။

ကျန်သင်တန်းများဖြစ်သည့် အရာထမ်းငယ်သင်တန်း၊ စာရေးဝန်ထမ်း သင်တန်း၊ တက္ကသိုလ်/ကောလိပ်ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းနှင့် အခြေခံ ပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းများတွင် စာလမ်းကြောင်းနှင့် TMS (၂)မျိုးလုံးဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

သင်တန်း(၁၁)မျိုးလုံးအတွက် သင်တန်းဝင်ညွှန်ကြားလွှာကို စာလမ်းကြောင်းမှ ပေးပို့ခြင်းမပြုဘဲ လေ့ကျင့်ရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ်(TMS)နှင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ Website (www.ucsb.gov.mm)တို့တွင် လွှင့်တင်၍ သင်တန်းသားများနှင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ Download ရယူနိုင်ရေး ဆောင်ရွက်ထားပါသည်။