အလယ်တန်းပြဆရာတစ်ဦးအား ဝန်ထမ်းအဖြစ်မှထုတ်ပစ်(Dismissal)ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ရှေးဦးစုံစမ်းမှုအဖွဲ့ကိုပင် ဌာနဆိုင်ရာစစ်ဆေးမှုအဖွဲ့အဖြစ် ဆက်လက်တာဝန်ပေးအပ်ခြင်း၊ ဌာန ဆိုင်ရာစစ်ဆေးမှုအဖွဲ့၏ အစီရင်ခံစာကို ပြန်လည်သုံးသပ်သည့် အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့မှုမရှိခြင်း၊ ပြစ်ဒဏ်ချမှတ်သည့်အမိန့်၌ အယူခံဝင်ခွင့်ရှိကြောင်း ထည့်သွင်းဖော်ပြထားမှုမရှိခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း မရှိသည့်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အာဏာပိုင်မေးစာချွန်တော်အမိန့် ထုတ်ဆင့် ခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ဝန်ကြီးဌာနအနေဖြင့် အဆိုပါ အာဏာပိုင်မေးစာချွန်တော်အမိန့်အရ ဝန်ထမ်းအား ယခင်ပြစ်ဒဏ်ချမှတ်ခဲ့သည့်အမိန့်ကို လွှမ်းမိုးပယ်ဖျက်၍ မူလရာထူး၌ ပြန်လည်ခန့်ထားပြီးမှသာ ဌာနဆိုင်ရာစစ်ဆေးမှု ပြန်လည်ပြုလုပ်နိုင်မည် ဖြစ်ပါသည်။