ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုတစ်ခုခုကို ကျူးလွန်သည့် နိုင်ငံ့ဝန်ထမ်းများအား အရေးယူ အပြစ်ပေးရာတွင် မည်သည့်ပြစ်မှုအတွက် မည်သည့်ပြစ်ဒဏ်ချမှတ်ရမည်ကို သဘောထားမှတ်ချက် မေးမြန်းလာသည့်ကိစ္စ

ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုတစ်ခုခုကို ကျူးလွန်သည့်နိုင်ငံ့ဝန်ထမ်းများအား အရေးယူ အပြစ်ပေးရာတွင် မည်သည့်ပြစ်မှုအတွက် မည်သည့်ပြစ်ဒဏ်ချမှတ်ရမည်ဟူ၍ ယခင်ဝန်ထမ်း စည်းကမ်းထိန်းသိမ်းရေးလက်စွဲတွင်လည်းကောင်း၊ ယခုနိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း သတ်မှတ် ပြဋ္ဌာန်းထားခြင်းမရှိပါ။

သို့ဖြစ်ပါ၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (စ)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ (စ)၊ နည်းဥပဒေ ၁၆၂၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ ၁၆၃၊ နည်းဥပဒေခွဲ (ဒ) နှင့် နည်းဥပဒေခွဲ (ဓ) တို့ပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့သော ဝန်ထမ်းအား ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်နိုင်ရန် ဖြစ်စဉ်ဖြစ်ရပ်အသေးစိတ်နှင့် ပြစ်မှု အတိမ်အနက်ကို သိရှိသည့် သက်ဆိုင်ရာဝန်ကြီးဌာနကသာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၄ နှင့် နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆၆ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၃ ပါ ပြစ်ဒဏ် (၉) မျိုးအနက်မှသင့်လျော်သည့် ပြစ်ဒဏ်ကို ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း ဤအဖွဲ့မှ သဘောထားမှတ်ချက်ပြန်ကြားခဲ့ပါသည်။