ရုံးအကူ/စာပို့နှင့် သန့်ရှင်းရေးအကူဝန်ထမ်းများအား အရည်အချင်းနှင့် လုပ်သက်သတ်မှတ်ချက် ပြည့်မီပါက အငယ်တန်းစာရေးဝင်ပေါက်ရာထူးသို့ သွတ်သွင်းခန့်ထားခွင့် ရှိ-မရှိ

အငယ်တန်းစာရေးဝင်ပေါက် စတင်ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နည်းဥပဒေများ၊ နည်းဥပဒေ ၄ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၇ တို့အရ ယှဉ်ပြိုင် စနစ်ဖြင့်သာ ရွေးချယ်ခန့်ထားရမည်ဖြစ်ပါသည်။