ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူး (လစာနှုန်း ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) မှ လစာ နှုန်းတူ ဒုတိယဦးစီးမှူးရာထူး (လစာနှုန်း ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) သို့ ပြောင်းလဲတာဝန်ထမ်း ဆောင်ခွင့်နှင့်ပတ်သက်၍ ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၃၊ ဇယား (၁)၊ အပိုဒ်(၂)၊ အမှတ်စဉ်(၄)ပါ ကျွမ်းကျင်သူအဆင့်-၄ ဝန်ထမ်း အမျိုးအစားဖြစ်ပြီး ပြောင်းရွှေ့တာဝန်ထမ်းဆောင်လိုသော ဒုတိယဦးစီးမှူးရာထူးသည် အပိုဒ်(၅)၊ အမှတ်စဉ် (၁) ပါ စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့် (၁) ဝန်ထမ်းအမျိုးအစား ဖြစ်ပါကြောင်း၊
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် ယခင်ဝန်ထမ်းစည်းမျဉ်းများဆိုင်ရာ ကောက်နုတ်ချက်စာစောင်တို့တွင် ရာထူးစုအမျိုးအစားမတူသောရာထူးတစ်ခုမှတစ်ခုသို့ ကူးပြောင်း တာဝန်ထမ်းဆောင်ခြင်းကို တားမြစ်သည့် ပြဋ္ဌာန်းချက်များမရှိပါ။ သို့ရာတွင် ကူးပြောင်းတာဝန် ထမ်းဆောင်စေလိုသည့် ရာထူးစုရှိ လစ်လပ်ရာထူးသည် လက်ရှိရာထူးနှင့် လစာနှုန်းတူရာထူးဖြစ် ရမည့်အပြင် ယင်းရာထူးအတွက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း များနှင့်လည်း ကိုက်ညီမှုရှိပါက ရာထူးစုအမျိုးအစားမတူသော်လည်း ကူးပြောင်းတာဝန် ထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း ဤအဖွဲ့၏ သဘောထားမှတ်ချက်ကို ပြန်ကြားခဲ့ပါသည်။