ဝန်ကြီးဌာနအနေဖြင့် အထွေထွေလုပ်သားအား ဦးစီးဌာန၏ ဖွဲ့စည်းပုံပါ လစ်လပ်လျက် ရှိသော မူလတန်းပြ (လစာနှုန်း ၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ) ရာထူးနေရာသို့ တိုးမြှင့်ခန့်ထားလိုပါက ၎င်းရာထူးသည် နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများ၊ နည်းဥပဒေ ၁၅ ပါ ပြဋ္ဌာန်းချက်အရ ဝန်ကြီးဌာနများ နှင့်ဝန်ထမ်းအဖွဲ့အစည်းများက ပြင်ပပုဂ္ဂိုလ်များအား စတင်ခန့်အပ်နိုင်သည့် ရာထူးအဆင့်ဖြစ်၍ နည်းဥပဒေ ၂၁ (က) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြင်ပမှကြော်ငြာခေါ်ယူ၍ ယှဉ်ပြိုင်ရွေးချယ်ခန့်ထားရေး နည်းလမ်းဖြင့်သာ ခန့်ထားဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
