လက်ရှိရာထူးမှ တစ်ဆင့်နိမ့်ရာထူးသို့ လျှော့ချသည့် ပြစ်ဒဏ်ခံနေရသူများအား ရာထူးတိုးစစ်ဆေး ခြင်းနှင့် တန်းစီဇယားတွင် ထည့်သွင်းရန် လို-မလို၊ လက်ရှိရာထူးလုပ်သက် တွက်ချက်ခြင်းကိစ္စ

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၄(င)၊ နည်းဥပဒေ ၄၄နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၃၀ (ဆ)ပါပြဋ္ဌာန်းချက်များအရ ရာထူးအဆင့်​လျှော့ချခြင်း ပြစ်ဒဏ်ကျခံနေသည့် ဝန်ထမ်း၏ ရာထူးတိုးမြှင့်ခံရခွင့် မဆုံးရှုံးစေရန် အရည်အချင်းစစ်ဆေးခြင်းနှင့် တန်းစီဇယားတွင် ထည့်သွင်း ရေးဆွဲခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး ရာထူးတိုးမြှင့်ခံစားခွင့်ကို ပြစ်ဒဏ်ကာလ ကုန်ဆုံးမှသာ ခွင့်ပြုရန်နှင့် ပြစ်ဒဏ်ကျခံခဲ့ရသော တစ်ဆင့်နိမ့်ရာထူးသက်များကို လက်ရှိရာထူးသက်၌ ထည့်သွင်း တွက်ချက်ရန် မလိုပါ။