တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေးရန်အတွက် လုပ်သက်ရေတွက်ရာတွင် ရာထူးစုအမျိုးအစားမတူသော လုပ်သက်နှစ်ခုပေါင်းစပ်ရေတွက်ခွင့်ကိစ္စ

ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာသည့် ဗိုလ်ကြီး(ငြိမ်း)၏ လက်ရှိဦးစီးအရာရှိ ရာထူးသက်ကို ရေတွက်ရာတွင် တပ်မတော်မှ တစ်ဆက်တည်းပြောင်းရွှေ့ လာခဲ့သည့်အတွက် ရာထူးစုအမျိုးအစားမတူသော လုပ်သက်နှစ်များကို ပေါင်းစပ်ရေတွက်ခွင့် ရှိသော်လည်း ဗိုလ်ကြီးအဆင့်ဖြင့် စတင်တာဝန်ထမ်းဆောင်သည့် နေ့ရက်မှစ၍ ရေတွက်ပါက ရာထူးသက် (၂) နှစ်ကျော်ခန့်သာရှိသဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၃၊ ဇယား(၁)၊ အမှတ်စဉ် (၅)ပါသတ်မှတ်ရာထူးသက်ပြည့်မီခြင်းမရှိသဖြင့် ရာထူးတိုးမြှင့်ခန့်ထားနိုင်မည် မဟုတ်ပါ။