အဆိုပြုဝန်ထမ်း (၄) ဉီးသည် နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများ၊ နည်းဉပဒေ ၃၃၊ ဇယား(၁)၊ အမှတ်စဉ်(၅)၊ စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး/ လူမှုရေး) ရာထူးစုပါ ဝန်ထမ်းမဟုတ်ဘဲ နိုင်ငံ့ ဝန်ထမ်းနည်းဉပဒေများ၊ နည်းဉပဒေ ၃၃၊ ဇယား(၁)၊ အမှတ်စဉ်(၁) စာရေးဝန်ထမ်း ရာထူးစုပါ ဝန်ထမ်းများဖြစ်ကြသည့်အတွက် နောက်တစ်ဆင့်မြင့်ရာထူး (စာရေးဝန်ထမ်းအဆင့်-၄) အတွက် သတ်မှတ်ထားသည့် ရာထူးသက် (၃) နှစ်ကိုပါ ပေါင်းစပ်ပြီး စုစုပေါင်းရာထူးသက် (၅) နှစ် ပြည့်ပြီး ချိန်မှသာ နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများပါ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဉီးစီးအရာရှိရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေး အဆိုပြုနိုင်မည်ဖြစ်ပါ၍ အဆိုပါဝန်ထမ်း (၄) ဉီးတို့၏ ရာထူးသက် (၃) နှစ်ပြည့်စဉ်က ဖြေဆိုထားသော စာမေးပွဲရလဒ်အား အတည်ပြု၍ တန်းစီဇယား ရေးဆွဲထားသည့်အတိုင်း ရာထူးတိုးမြှင့်ပေးမည့်ကိစ္စနှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက်မေးမြန်း ခြင်းကိစ္စ။

ဝန်ကြီးဌာန၏ အဆိုပြုဝန်ထမ်း (၄) ဦးတို့သည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၃၊ ဇယား (၁)၊ အမှတ်စဉ် (၅)၊ စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊လူမှုရေး)ရာထူးစုပါ ဝန်ထမ်းများ မဟုတ်ဘဲ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ (၃၃)၊ ဇယား (၁)၊ အမှတ်စဉ် (၁) စာရေးဝန်ထမ်း ရာထူးစုပါ ဝန်ထမ်းများဖြစ်သည့်အတွက် နောက်တစ်ဆင့်မြင့်ရာထူး (စာရေးဝန်ထမ်းအဆင့်-၄) အတွက် သတ်မှတ်ထားသည့် ရာထူးသက် (၃) နှစ်ကိုပေါင်းစပ်ပြီး စုစုပေါင်းရာထူးသက် (၅) နှစ် ပြည့်ပြီးချိန်မှသာ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဦးစီးအရာရှိရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် အဆိုပြုနိုင်မည်ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါ သည်။

အဆိုပါ ပြဋ္ဌာန်းချက်များအရ အကူဝန်ထမ်းအဆင့်မှ ဒုတိယဦးစီးမှူးရာထူးသို့ အဆင့်ဆင့် ရာထူးတိုးမြှင့်ခဲ့ကြသည့် ဒုတိယဦးစီးမှူး (၄) ဦးတို့အား ဦးစီးအရာရှိရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရန် အတွက် သတ်မှတ်ရာထူးသက် (၅) နှစ်ပြည့်ပြီးချိန်မှသာ အရည်အချင်းစစ်ဆေးအကဲဖြတ်၍ တန်းစီ ဇယားရေးဆွဲနိုင်မည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဝန်ကြီးဌာနအနေဖြင့် ဒုတိယဦးစီးမှူး ဝန်ထမ်း (၄) ဦးအား ရာထူးသက် (၃) နှစ် ပြည့်စဉ်က ဖြေဆိုထားသော စာမေးပွဲရလဒ်အား အတည်ပြု၍ အဆိုပါ တန်းစီဇယားရေးဆွဲထား သည့်အတိုင်း ရာထူးတိုးမြှင့်ပေးရေးဆောင်ရွက်နိုင်မည်မဟုတ်ဘဲ ယခု သတ်မှတ်ရာထူးသက် (၅)နှစ် ပြည့်သည့်အချိန်မှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၅ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၆ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရည်အချင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးအကဲဖြတ်ခြင်းကိုခံယူ၍ တန်းစီဇယား ပြန်လည်ရေးဆွဲပြီးမှသာလျှင် ဦးစီးအရာရှိရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်းရမည် ဖြစ်ပါသည်။