ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံတွင် အလုပ်ရုံစုမှူး/ရုံးအုပ် (လစာနှုန်းကျပ် ၂၃၄၀၀ဝိ-၂၀၀ဝိ-၂၄၄၀၀ဝိ) ရာထူးနေရာမှာ ထည့်သွင်းရေးဆွဲထားခြင်းမရှိဘဲ ဒုတိယဉီးစီးမှူးရာထူးနေရာ လစ်လပ်ပါသဖြင့် အလုပ်ရုံစုမှူးအား တစ်ဆင့်နိမ့်ရာထူးဖြစ်သည့် ဒုတိယဉီးစီးမှူးရာထူးနေရာတွင် ခန့်ထားမည့်ကိစ္စအပေါ် သဘောထားမှတ်ချက်မေးမြန်းခြင်းကိစ္စ။

ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများ၊ နည်းဉပဒေ ၁၁၊ နည်းဉပဒေခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ အခြားဝန်ကြီးဌာနမှ အလုပ်ရုံစုမှူး ဝန်ထမ်းကိုယ်တိုင်က တစ်ဆင့်နိမ့် ရာထူးဖြင့် ဝန်ကြီးဌာနသို့ပြောင်းရွှေ့ပေးရန် စာဖြင့်တောင်းခံလာသည့်အပေါ် တစ်ဆင့်နိမ့်ရာထူး ဖြစ်သည့် ဒုတိယဦးစီးမှူးရာထူးဖြင့် လက်ခံရယူလိုခြင်းရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၁၇-၁၀-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၉/၁၅၃-ဌာနကူးပြောင်း/ အဖရ (၂၀၁၃) ညွှန်ကြားချက်နှင့်အညီ နှစ်ဘက်ဌာန၊ အဖွဲ့အစည်းတို့၏ သဘောတူညီချက်ဖြင့် ကာယကံရှင်၏ ဆန္ဒပြုလျှောက်လွှာ၊ ကိုယ်ရေး ရာဇဝင်၊ ပြစ်မှုကင်းရှင်းမှုရှိ/မရှိ ပြည့်စုံစွာဖော်ပြလျက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြ ခွင့်ပြုချက်ရယူ ဆောင်ရွက်ရမည်ဖြစ်ပါသည်။