နိုင်ငံ့ဝန်ထမ်းများ (ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအပါအဝင်) အနေဖြင့် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် လေးလအား ပြည်ပနိုင်ငံများတွင် သွားရောက်နေထိုင်ခြင်းနှင့်စပ်လျဉ်း၍ ဉပဒေ၊ နည်းဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်း ရှိ/မရှိကိစ္စ။

နိုင်ငံ့ဝန်ထမ်းတစ်ဉီးအား အငြိမ်းစားယူရမည့်အသက်ပြည့်သည့်နေ့ရက်မတိုင်မီ အငြိမ်းစား ယူရန်ကြိုတင်ပြင်ဆင်ခွင့် လေးလကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၁ ပါ ပြဋ္ဌာန်းချက် နှင့်အညီ ခံစားခွင့်ပြုရမည်ဖြစ်ပြီး အဆိုပါ ကြိုတင် ပြင်ဆင်ခွင့်ကို ပြည်တွင်း/ ပြည်ပ၌ ခံစားရမည် ဟူ၍ ယခင်ဝန်ထမ်းစည်းမျဉ်းများ ဆိုင်ရာကောက်နုတ်ချက်စာစောင်နှင့် ယခု နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများတွင် သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံ့ဝန်ထမ်းများအား အငြိမ်းစားယူရန်ကြိုတင်ပြင်ဆင်ခွင့်လေးလကို ခံစားခွင့်ပြု  ပြီးနောက် ပြည်ပနိုင်ငံများ၌ သွားရောက်နေထိုင်ခြင်းနှင့်စပ်လျဉ်း၍ ခွင့်ပြုပိုင်ခွင့်ရှိသူက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း၏ စီမံခန့်ခွဲမှုနည်းလမ်းအရ ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါသည်။

သို့ရာတွင် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဉပဒေ (၂၀၀၈ခုနှစ်)၊ ပုဒ်မ ၂၀၈ နှင့် နိုင်ငံ့ဝန်ထမ်းဉပဒေ၊ ပုဒ်မ ၆ တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတကခန့်အပ်သည့် ရာထူးဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်ခွင့် ကာလအတွင်း ပြည်ပနိုင်ငံများတွင် သွားရောက်နေထိုင်မည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးမှတစ်ဆင့် နိုင်ငံတော်သမ္မတထံ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်သင့်ပါ သည်။