ဝန်ထမ်း၏ ပင်စင်ခံစားခွင့်ရရှိရေး တင်ပြခြင်းကိစ္စနှင့်ပတ်သက်၍ “တရားရုံးမှ စီရင်ချက် ချမှုကြောင့် ၇-၃-၁၉၈၈ ရက်နေ့မှစ၍ (Dismiss) ပြုလုပ်ခဲ့ပြီး အယူခံတင်သွင်းခဲ့မှုကြောင့် ပြည်နယ်တရားရုံးက ၁၉-၁၂-၁၉၈၈ ရက်နေ့တွင် အမှုမှအပြီးအပြတ်လွှတ်ခဲ့သော်လည်း ၂၇-၂-၂၀၀၉ ရက်နေ့မှ စီရင်ချက်အား မိတ္တူကူးယူ၍ သတ်မှတ်ထားသော အသက် (၆၀) နှစ် စေ့ရောက်သည့် ရက်နေ့ ၁၀-၃-၂၀၁၆ ရက်နေ့နောက်ပိုင်းမှသာ ပြန်လည်ခန့်ထားနိုင်ခြင်းရှိ/မရှိနှင့် တာဝန်ထမ်းဆောင် ခဲ့သည့် လုပ်သက်များအတွက် ပင်စင်လစာကိုဖြစ်စေ၊ လုပ်သက်ဆုငွေကိုဖြစ်စေဆောင်ရွက်ပေးနိုင် ခြင်းရှိ/မရှိကို သဘောထားမေးမြန်းခြင်းကိစ္စ။

ဝန်ထမ်းသည် ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးလက်စွဲ အပိုဒ် ၆၄ အရ အယူခံဝင်ခွင့် ရှိသဖြင့် ယင်းအားဝန်ထမ်းအဖြစ်မှထုတ်ပစ်ခဲ့သည့် ၇-၃-၁၉၈၈ ရက်နေ့မှစ၍ သို့မဟုတ် တရားရုံးက အမှုမှအပြီးအပြတ်လွှတ်ခဲ့သည့် ၁၉-၁၂-၁၉၈၈ ရက်နေ့မှစ၍ အယူခံလွှာကို တင်သွင်းခဲ့မည်ဆိုပါက ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးလက်စွဲ၊ အပိုဒ် ၆၆ အရ အယူခံလွှာကို လက်ခံစဉ်းစားပြီး ပြစ်ဒဏ်ပြောင်းလဲသတ်မှတ်ခြင်း သို့မဟုတ် မူလပြစ်ဒဏ်အတိုင်း သတ်မှတ်ခြင်း တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

သို့ရာတွင် ဝန်ထမ်းသည် ထိုကာလအတွင်း အယူခံလွှာကို တင်သွင်းခဲ့ခြင်းမရှိဘဲ ၁၀-၃-၂၀၁၆ ရက်နေ့တွင် အသက် ၆၀ နှစ် ပြည့်ခဲ့ပြီးနောက် ၂၇-၂-၂၀၀၉ ရက်နေ့မှသာ စီရင်ချက်မိတ္တူနှင့် ပင်စင်ခံစားခွင့်ပြုနိုင်ရေး တင်ပြလာခြင်းဖြစ်သဖြင့်  ထိုစဉ်ကကျင့်သုံးခဲ့သော ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးလက်စွဲ၊ အပိုဒ် ၅၇၊ အပိုဒ်ခွဲ (ဈ)၊ အပိုဒ်ခွဲငယ် (၁) နှင့် ဝန်ထမ်းစည်းမျဉ်းများဆိုင်ရာ ကောက်နုတ်ချက်စာစောင်၊ အပိုဒ် ၁၇၄ တို့ပါ ပြဋ္ဌာန်းချက်များအရ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသော ဝန်ထမ်းသည် တာဝန်ထမ်းဆောင်ခဲ့သည့်လုပ်သက်အတွက် ပင်စင် လစာကိုဖြစ်စေ၊ လုပ်သက်ဆုငွေကိုဖြစ်စေ ခံစားခွင့်ရှိမည်မဟုတ်ပါ။