ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းအား ကြိုတင်ပြင်ဆင်ခွင့်နှင့် သက်ပြည့်အငြိမ်းစားယူခွင့် အတွက် အမိန့် ကြော်ငြာစာထုတ်ပြန်ပြီးမှ အငြိမ်းစားမယူမီ ဥပဒေကြောင်းအရ တရားစွဲဆိုခံရခြင်း ဖြစ်သည့်အတွက် သက်ပြည့်အငြိမ်းစားယူခွင့် ပြုထားသည့်အမိန့်စာကို ပယ်ဖျက်ပြီးမှ သာလျှင် တာဝန်မှယာယီရပ်ဆိုင်းသည့်အမိန့်ကို ထုတ်ပြန်ရမည်ဖြစ်ပါသည်။ တာဝန်မှယာယီရပ်ဆိုင်း ထားသည့်ကာလအတွင်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၆၆ နှင့် နည်းဥပဒေ ၁၇၅ တို့ပါပြဋ္ဌာန်းချက်များအရ စားစရိတ် ထောက်ပံ့ကြေးကို ခံစားခွင့်ပြုရမည်ဖြစ်ပါသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၁ ပါပြဋ္ဌာန်း ချက်အရ အငြိမ်းစားယူရမည့်အသက်ပြည့်စေကာမူ တာဝန်မှယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း တရားစွဲဆိုခံရသည့်အမှုကိစ္စနှင့်စပ်လျဉ်း၍ အပြီးသတ်အမိန့်မချမှတ်နိုင်သေးပါက အငြိမ်းစား ယူခွင့်မပြုဘဲ စားစရိတ်ထောက်ပံ့ကြေးကို ဆက်လက် ထုတ်ပေးရမည်ဖြစ်ပါသည်။