ဖွဲ့စည်းခြင်း

၂၀၀၈ ခုနှစ်တွင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ ရုံးအဖွဲ့ကို ညွှန်ကြားရေးမှူးအဆင့် (ရုံးအဖွဲ့မှူး) ဦးဆောင်သော အရာထမ်း(၁၆)ဦး၊ အမှုထမ်း(၁၉)ဦး၊ စုစုပေါင်း(၃၅)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး၊ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(ရုံးအဖွဲ့မှူး)က ဦးဆောင်သောအရာထမ်း(၁၄) ဦး၊ အမှုထမ်း(၁၉)ဦး၊ စုစုပေါင်း(၃၃)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၀ ခုနှစ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥပဒေအရ ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ရုံးအဖွဲ့ဟု အမည်ပြောင်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးကို ရုံးအဖွဲ့၏ လက်ရှိ ဖွဲ့စည်းပုံအင်အားပါ အရာထမ်းရာထူး (၁၄) နေရာ၊အမှုထမ်းရာထူး(၁၉)နေရာ၊ စုစုပေါင်းရာထူး(၃၃)နေရာနှင့် ဝန်ထမ်းရေးရာဦးစီးဌာန၏ လက်ရှိ ဖွဲ့စည်းပုံအင်အားပါ အရာထမ်း ရာထူး(၃၈)နေရာ၊အမှုထမ်းရာထူး(၁၃၆)နေရာ၊ စုစုပေါင်း ရာထူး(၁၇၄) နေရာတို့ကိုပေါင်း၍အင်အားထပ်မံတိုးချဲ့ခြင်းမပြုဘဲ ပြင်ဆင်ဖွဲ့စည်းမှုအရဒုတိယအမြဲတမ်းအတွင်းဝန်/ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးဆောင်သောဥက္ကဋ္ဌရုံးအဖွဲ့တွင် အရာထမ်း (၃)နေရာ၊ အမှုထမ်း(၂၅) နေရာ တိုးလာကာ စုစုပေါင်းအရာထမ်း (၁၈)ဦး၊ အမှုထမ်း(၄၄)ဦး၊ စုစုပေါင်း (၆၂)ဦးဖြင့် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် e-Government ဌာနခွဲကို အရာထမ်း(၇)နေရာ၊ အမှုထမ်း(၁၀)နေရာ၊ စုစုပေါင်း (၁၇)နေရာဖြင့် တိုးချဲ့၍ စုစုပေါင်းအရာထမ်း(၁၄)ဦး၊ အမှုထမ်း(၇၈)ဦး၊ စုစုပေါင်း(၁၁၈)ဦးဖြင့် လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၃၁-၅-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၂)သဘောတူခွင့်ပြုချက်အရ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အရာထမ်း(၅၇)ဦး၊ အမှုထမ်း (၁၁၂) ဦးဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ဥက္ကဋ္ဌရုံးအဖွဲ့ရှိ ဌာနခွဲများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁)      ဦးစီးရုံး

(၂)      အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ

(၃)      ဌာနတွင်းစာရင်းစစ်၊ ဘဏ္ဍာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲ

(၄)     e-Government ဌာနခွဲ

(၅)     ပြည်တွင်း/ ပြည်ပဆက်ဆံရေး၊ သတင်းပြန်ကြားရေးဌာနခွဲ

(၆)     ဥပဒေ၊ မူဝါဒနှင့် ပြောင်းရွှေ့ရေးဌာနခွဲ

ဥက္ကဌရုံးအဖွဲ့ ဖွဲ့စည်းပုံမှာအောက်ပါအတိုင်းဖြစ်ပါသည်-