စီမံခန့်ခွဲရေးလုပ်ငန်းများ
(၁) သင်တန်းဝတ်စုံများ – တက္ကသိုလ်မှ ဌာမ်းရမ်းထုတ်ပေးသော သင်တန်းဝတ်စုံများကို ၀တ်ဆင်ရပါမည်။
(၂) နေရာထိုင်ခင်းနှင့်စားသောက်ရေး – နေရာထိုင်ခင်းနှင့် စားသောက်စရိတ် အခမဲ့ ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
(၃) ကျန်းမာရေး – အခမဲ့ဆေးကုသခွင့်ပေးပါသည်။ (၂၅)ခုတင်ဆံ့ တက္ကသိုလ်ဆေးရုံ တစ်ခု ရှိပြီး တာဝန်ခံဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှု ပြုလုပ်ပေးပါသည်။
(၄) အပန်းဖြေခြင်း – ရေဒီယို၊ ကက်ဆက်၊ ရောင်စုံရုပ်မြင်သံကြား စက်များကို တပ်ခွဲများတွင် ထားရှိပေးပါသည်။
(၅) အားကစား – ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့် စားပွဲတင်တင်းနစ်များကစားနိုင်ရန် စီစဉ် ပေးထားပါသည်။
(၆) သယ်ယူပို့ဆောင်နှင့်ဆက်သွယ်ရေး – တက္ကသိုလ်ပြင်ပညအိပ် ထွက်ခွာခွင့်နှင့် လေ့လာရေး အစီအစဉ်များအတွက် တက္ကသိုလ်က တာဝန်ယူစီစဉ် ပို့ဆောင်ပေးပါသည်။ အခပေး တယ်လီဖုန်း များလည်း စီစဉ်ပေးထားပါသည်။
(၇) သက်သာချောင်ချိရေး – ရောင်ခြည်ဦးသမဝါယမအသင်းလီမိတက်နှင့် ပုဂ္ဂလိကဆိုင်ခန်းများကို သက်သာချောင်ချိရေးနှင့် အပန်းဖြေရေးအတွက် တက္ကသိုလ်ပရဝုဏ်အတွင်း ဖွင့်လှစ်ပေးထားပါသည်။